Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် ကူးစက်ခံရသည့် အတည်ပြုလူနာ ၁၄ ဦးအားထပ်မံတွေ့ရှိ

ဗီယက်နမ်နိုင်ငံ၊ မြို့တော်ဟနွိုင်း၌ ပြန်လည်ဖွင့်လှစ်သည့် ဈေးတစ်ခုတွင် ဈေးဝယ်သူများအား ၂၀၂၁ခုနှစ်၊ စင်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် (Omicron) ကူးစက်ခံရသူ ၁၄ ဦး ကို ထပ်မံတွေ့ရှိခဲ့သည် ဟု ဗီယက်နမ်နိုင်ငံကျန်းမာရေးအာဏာပိုင်များမှ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၅ ဦးရှိပြီဖြစ်ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၎င်းလူနာများသည် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ ဗီယက်နမ်အလယ်ပိုင်း Quang Nam ပြည်နယ်သို့ မကြာသေးမီက ရောက်ရှိလာခဲ့သော ဗီယမ်နမ်နိုင်ငံသားများဖြစ်ကြောင်း၊ ယခုအခါ ၎င်းတို့အား ကျန်းမာရေးအာဏာပိုင်များက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သီးသန့်ခွဲထားပြီး အိုမီခရွန်ကူးစက်ခံရသူများ၏ အခြေအနေမှာ တည်ငြိမ်မှုရှိကြောင်း သတင်းဌာနတွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် မကြာသေးမီက ဗြိတိန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူတစ်ဦး၌ ပထမဆုံး အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၈ ရက်က သတင်းဖော်ပြခဲ့ပြီး မြို့တော် ဟနွိုင်းသို့ ရောက်ရှိပြီးနောက် ချက်ချင်းပင် ကွာရန်တင်း (quarantine) ထားရှိခဲ့ကြောင်း သိရသည်။

ဗီယက်န်နိုင်ငံ၌ ဒီဇင်ဘာ ၃၀ ရက်အထိ COVID-19 ကူးစက်ခံရသူစုစုပေါင်း ၁,၇၁၄,၇၄၂ ဦးအားတွေ့ရှိခဲ့ပြီး ဧပြီလနှောင်းပိုင်းမှစ၍ ကူးစက်မှုမြန်ဆန်သည့် Delta ဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့် လက်ရှိလှိုင်းဖြစ်ပွားသည့်ကာလအတွင်း ဗီယမ်နမ်နိုင်ငံ၌ အတည်ပြုလူနာ ၁.၇ သန်းကျော် ကူးစက်ခံခဲ့ရကြောင်း ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

————————————
(English Version)
Vietnam reports 14 more Omicron variant infections
HANOI, Dec. 31 (Xinhua) — Vietnamese health authorities on Friday confirmed 14 more COVID-19 cases who were infected with the Omicron variant, bringing the total infections of the type to 15, Vietnam News Agency reported.
The patients are all Vietnamese nationals who recently arrived in Vietnam’s central Quang Nam province from South Korea and the United States. They are now being quarantined in line with protocols set by health authorities and in stable condition, according to the news agency.
On Tuesday, Vietnam reported the first infection of Omicron variant who recently returned from Britain, and was immediately quarantined upon arrival in the Vietnamese capital Hanoi.
By Thursday, Vietnam had confirmed a total of 1,714,742 COVID-19 infections, with over 1.7 million cases detected in the current wave triggered by the contagious Delta variant since late April, according to the country’s health ministry. Enditem