Connect with us

Politics, Law & Military

ဗီယက်နမ်၊ မလေးရှား ၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးများ နှင့် အင်ဒိုနီးရှားနိုင်ငံ ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး တို့ တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်မည်

ပေကျင်း ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son ၊ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် အင်ဒိုနီးရှားနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်သူ နှင့် ညှိနှိုင်းဆောင်ရွက်ရေးဝန်ကြီး Luhut Binsar Pandjaitan တို့သည် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြာရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၂ ရက် မှ ၅ ရက် အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ဖော် ကြေညာခဲ့သည်။တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အဆိုပါ ဧည့်သည်တော်နိုင်ငံခြားရေးဝန်ကြီးများ၏ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ်အတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နှင့်အတူ တရုတ်-မလေးရှား ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ကိုယ်စားလှယ်အဆင့် ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး၌ ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ဝမ်ရိသည် ယင်းကာလအတွင်း လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့်လည်း ဗီဒီယိုလင့်ခ်မှတဆင့် အစည်းအဝေးတစ်ခု ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

………………………………………….
(English Version)
Vietnamese, Malaysian, Cambodian FMs, Indonesia’s coordinating minister to visit China

BEIJING, Dec. 1 (Xinhua) — Vietnamese Foreign Minister Bui Thanh Son, Malaysian Foreign Minister Saifuddin Abdullah, Cambodian Deputy Prime Minister and Foreign Minister Prak Sokhonn and Indonesia’s Coordinator for Cooperation with China and Coordinating Minister Luhut Binsar Pandjaitan will visit China from Thursday to Sunday at the invitation of Chinese State Councilor and Foreign Minister Wang Yi, Chinese Foreign Ministry spokesperson Wang Wenbin announced Wednesday.

Wang will co-chair the first meeting of the high-level committee on China-Malaysia cooperation with Saifuddin Abdullah during his visit. Wang will also hold a meeting via video link with Lao Foreign Minister Saleumxay Kommasith during the period. Enditem