Connect with us

Economy

ဗီယင်ကျန်းမြို့နှင့် စူးကျိုးမြို့ကြား ကုန်တင်ရထား စတင်ပြေးဆွဲခဲ့

နန်ကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ဘက် ကုန်စည်တင်ပို့မှုတွင် အဓိက အချက်အချာမြို့ဖြစ်သော စူးကျိုးမြို့နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့အကြား ကုန်စည်ပို့ဆောင်ရေးရထားလမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ကြောင်း ရထားအော်ပရေတာ၏ပြောကြားချက်အရ သိရသည်။
ကုန်စည်စုစုပေါင်းတန်ဖိုး ယွမ်သန်း ၅၀ (အမေရိကန်ဒေါ်လာ ၇.၈၅သန်း) ရှိသော LCDs နှင့် မော်တော်ယာဉ်အစိတ်ပိုင်းကဲ့သို့ ကုန်စည် များတင်ဆောင်ထားသော ရထားတစ်စီးသည် စူးကျိုးမြို့ မှ ဇန်နဝါရီ ၁၁ ရက်တွင် ထွက်ခွါခဲ့ပြီး ၇ ရက်အတွင်း ဗီယင်ကျန်း မြို့သို့ ဆိုက်ရောက်ရန် မျှော်မှန်းထားကြောင်း Suzhou International Train Freight ကုမ္ပဏီလီမီတက်မှ သိရသည်။

၁၀၃၅ ကီလိုမီတာ ရှည်လျားသည့် တရုတ်-လာအို ရထားလမ်း သည် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာ ၃ ရက် တွင် စတင်လည်ပတ်ပြီးသည့်နောက် ၎င်းရထားသည် စူးကျိုး-ဗီယင်ကျန်း ကြား ပြေးဆွဲသော ပထမဆုံး ကုန်တင်ရထားဖြစ်သည်။

“အနာဂတ်မှာ တရုတ်-လာအို မီးရထား ကုန်စည်ပို့ဆောင်ရေး ရထားဟာ အပတ်စဉ် ပြေးဆွဲဖို့ မျှော်လင့်ထားပြီး နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးအတွက် တည်ငြိမ်တဲ့ လမ်းကြောင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်”ဟု Suzhou International Train Freight ကုမ္ပဏီလီမီတက်မှ အထွေထွေမန်နေဂျာ Zhang Fan ကပြောသည်။ (Xinhua)

………………………………………
(English Version)
Freight train route launched between Suzhou, Vientiane

NANJING, Jan. 12 (Xinhua) — A freight train route has been launched between Suzhou, a major export hub in east China, and Lao capital Vientiane, according to the train operator.

A train carrying goods such as LCDs and auto parts, with a total value of about 50 million yuan (7.85 million U.S. dollars), departed from Suzhou on Tuesday and is expected to arrive in Vientiane in seven days, according to Suzhou International Train Freight Co., Ltd.

This is the first Suzhou-Vientiane freight train after the 1,035-km China-Laos railway started operation on Dec. 3, 2021.
“In the future, the China-Laos Railway freight train is expected to run weekly and become a stable international logistics channel,” said Zhang Fan, general manager of Suzhou International Train Freight Co., Ltd. Enditem