Connect with us

North America

ဗြိတိန်နိုင်ငံတွင် နောက်ထပ် ကိုဗစ်လူနာသစ် ၄၀,၉၄၁ ဦး စစ်ဆေးတွေ့ရှိ

လန်ဒန် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ လူနာသစ် ၄၀,၉၄၁ ဦးစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၉,၈၀၆,၀၃၄ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ထို့ပြင် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ်၍ ထပ်မံသေဆုံးသူ ၁၅၀ ဦးရှိကြောင်း ဖြည့်စွက်ဖော်ပြထားသည်။ ယခုအခါ ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် ဆက်စပ်၍ သေဆုံးသူပေါင်း ၁၄၃,၈၈၆ ဦးရှိသွားပြီဖြစ်ကြောင်း နှင့် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေရဆဲ ကိုဗစ်လူနာ ၈,၀၇၉ ဦးရှိကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Covent ပန်းခြံတွင် နိုဝင်ဘာ ၉ ရက်က နှာခေါင်းစည်းတပ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဆဲလ်ဖီဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

ဥရောပတိုက်တွင် ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လာခြင်းအပေါ် “ ဘယ်လိုမြန်ဆန်လွန်းတဲ့အရာတွေက မှားယွင်းမှုကို ဦးတည်သွားစေနိုင်တာလဲ ” ဟု အရေးပေါ်အခြေအနေများဆိုင်ရာသိပ္ပံအကြံပေးအုပ်စု ( SAGE) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ John Edmunds က ဆိုသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြေအောက်ရထားဘူရုံတစ်ခုတွင် လူများအား နှာခေါင်းစည်းတပ်ဆင်ရန် သတိပေးဆိုင်းဘုတ်တစ်ခုကို နိုဝင်ဘာ ၉ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ယူကေကျန်းမာရေးလုံခြုံမှု အေဂျင်စီ(HAS) ၏ နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်သော ကိန်းဂဏန်းအရ အင်္ဂလန်နိုင်ငံရှိ ကျောင်းနေအရွယ်ကလေးများတွင် COVID-19 ရောဂါကူးစက်မှုနှုန်း တစ်ကျော့ပြန် မြင့်တက်ခဲ့ကြောင်း ၊ ယင်းမှာ နှစ်ဝက်တန်းပြီးနောက် ကျောင်းသားကျောင်းသူများ စာသင်ကျောင်းသို့ ပြန်လာခြင်းအပေါ် ရောင်ပြန်ဟပ်နေကြောင်း ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံတွင် အသက် ၁၂ နှစ် နှင့် အထက် ပြည်သူ ၈၈ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူထားပြီးဖြစ်ကြောင်း နှင့် ၈၀ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံထားပြီးဖြစ်ကြောင်း နောက်ဆုံး စာရင်းဇယာများအရ သိရသည်။ ထို့ပြင် ၂၅ ရာခိုင်နှုန်းကျော်မှာ အားဖြည့်ကာကွယ်ဆေး (သို့မဟုတ်) တတိယအကြိမ် ထိုးနှံမှုခံယူထားကြောင်း သိရသည်။(Xinhua)
………………………………………………
(English Version)
UK records another 40,941 new coronavirus cases

LONDON, Nov. 20 (Xinhua) — Britain registered 40,941 new COVID-19 infections, bringing the total number of coronavirus cases in the country to 9,806,034, according to official figures released Saturday.

The country also reported a further 150 coronavirus-related deaths. The total number of coronavirus-related deaths in Britain now stands at 143,866, with 8,079 COVID-19 patients still in hospital.

The soaring cases in Europe underlined “how quickly things can go wrong,” said John Edmunds, a member of the Scientific Advisory Group for Emergencies (SAGE).

On Thursday, the UK Health Security Agency (HSA) released data showing a spike in COVID cases among school children in England, likely to reflect pupils returning to school after half-term.

More than 88 percent of people aged 12 and over in Britain have had their first dose of vaccine and more than 80 percent have received both doses, the latest figures indicate. More than 25 percent have received booster jabs, or the third dose of a coronavirus vaccine.

Photo- (1) People pass an ambulance outside the emergency entrance at St Thomas’ Hospital in London, Britain, on Nov. 9, 2021. (Photo by Stephen Chung/Xinhua)
Photo- (2) A woman wearing a mask takes a selfie in Covent Garden in London, Britain, on Nov. 9, 2021. (Photo by Stephen Chung/Xinhua)
Photo- (3) A commuter passes a sign requiring people to wear face covering while travelling on the tube in London, Britain, on Nov. 9, 2021. (Photo by Stephen Chung/Xinhua)