Connect with us

Europe

ဗြိတိန်နိုင်ငံ ပလိုင်းမောက်မြို့၌ ပစ်ခတ်မှုအတွင်း လူ ၆ ဦးသေဆုံး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ လွှတ်တော်အဆောက်အအုံရှေ့ သွားလာနေသူများအား ဩဂုတ် ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဩဂုတ် ၁၃ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း (Devon)ကောင်တီရှိ ဆိပ်ကမ်းမြို့ဖြစ်သည့် ပလိုင်းမောက်(Plymouth)မြို့၌ ဩဂုတ် ၁၂ ရက် ညနေပိုင်းကဖြစ်ပွားသော ပစ်ခတ်မှုတစ်ခုတွင် သံသယရှိသူအပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ပလိုင်းမောက်မြို့ Keyham နယ်မြေအတွင်း ညနေ ၆ နာရီ ၁၀ မိနစ်ခန့်(ဂရင်းနစ်စံတော်ချိန် ၁၇၁၀)တွင် ပြင်းထန်သောသေနတ်ပစ်ခတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဖုန်းခေါ်မှုတစ်ခု လက်ခံရရှိခဲ့ကြောင်း ဒက်ဗင်လ် နှင့် ကွန်းဝေါလ်ရဲတပ်ဖွဲ့က တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရောက်ရှိချိန်တွင် အမျိုးသမီး နှစ်ဦး နှင့် အမျိုးသားနှစ်ဦး သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။ ပြစ်မှုကျူးလွန်သူဟု ယူဆရသည့် နောက်ထပ် အမျိုးသားတစ်ဦးမှာလည်း အခင်းဖြစ်နေရာ၌ သေဆုံးနေသည်။ ၎င်းတို့အားလုံးသည် သေနတ်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်ဟု ယူဆရကြောင်း တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

အခင်းဖြစ်နေရာ၌ သေနတ်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးတစ်ဦးကို ဆေးရုံပို့ဆောင်ကုသပေးခဲ့သော်လည်း သိပ်မကြာခင်တွင် သေဆုံးသွားကြောင်း ထည့်သွင်းဖော်ပြထားသည်။ ယင်းပစ်ခတ်မှုသည် အကြမ်းဖက်မှုနှင့် မသက်ဆိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ပစ်ခတ်မှုအတွင်း သေဆုံးသူများအနက် တစ်ဦးမှာ အသက် ၁၀ နှစ်အောက်အရွယ်ရှိ ကလေးငယ်တစ်ဦး ဖြစ်ကြောင်း ပလိုင်းမောက် ၊ ဆက်တန် နှင့် ဒီဘွန်ပေါ့ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် Luke Pollard က တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

ပလိုင်းမောက်မြို့ဖြစ်စဉ်က ထိတ်လန့်စရာကောင်းပြီး ထိခိုက်ခံရသူများနှင့် အတူ ထပ်တူဝမ်းနည်းရကြောင်း ဗြိတိန် ပြည်ထဲရေးဝန်ကြီး Priti Patel က အစောပိုင်းတွင် တွစ်တာစာမျက်နှာပေါ်၌ ရေးသားခဲ့သည်။ (Xinhua)

—————————————————
(English Version)

6 dead in shooting in UK’s Plymouth

LONDON, Aug. 13 (Xinhua) — Six people, including the suspect, were killed in a shooting on Thursday evening in Plymouth, a port city in Devon in southwest England, local police confirmed.
Devon and Cornwall Police tweeted that police were called to “a serious firearms incident” in the Keyham area of Plymouth at around 6:10 p.m. (1710 GMT).

“Following attendance at the scene, two females and two males were deceased at the scene. A further male, believed to be the offender, was also deceased at the scene. All are believed to have died from gunshot wounds,” it said.

Another female, treated at the scene for gunshot wounds, died a short time later in hospital, it added, noting that the shooting was not terrorism-related.
Luke Pollard, member of parliament for Plymouth Sutton and Devonport, tweeted that one of the people killed in the shooting was a child under 10 years old.
“The incident in Plymouth is shocking and my thoughts are with those affected,” British Home Secretary Priti Patel tweeted earlier. Enditem
Photo – People walk past the Houses of Parliament in London, Britain, Aug. 9, 2021. (Xinhua/Han Yan)