Connect with us

Europe

ဗြိတိန် F35 ဂျက်တိုက်လေယာဉ်တစ်စင်း မြေထဲပင်လယ်ထဲပျက်ကျ ၊ လေယာဉ်မှူး ခုန်ထွက် လွတ်မြောက်

လန်ဒန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံမှ F35 ဂျက်တိုက်လေယာဉ်တစ်စင်းသည် မြေထဲပင်လယ်ပေါ်တွင် ပုံမှန်ကင်းလှည့်မှုတစ်ခု ပြုလုပ်နေစဉ်အတွင်း ပင်လယ်ထဲ ပျက်ကျသွားခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ထိုသို့ လေယာဉ်ပျက်ကျစဉ် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်သွားခဲ့ကြောင်း နှင့် ၎င်းသည် HMS Queen Elizabeth (အဲလစ်စဘတ်ဘုရင်မကြီး) အမည်ရှိ ဗြိတိန်တော်ဝင် လေယာဉ်တင်သင်္ဘောဆီသို့ ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့ကြောင်း ဝန်ကြီးဌာနကဆိုသည်။

ယင်းမတော်တဆမှုသည် နိုင်ငံတကာရေပိုင်နက်ထဲတွင် ဂရင်းနစ်စံတော်ချိန် ၁၀:၀၀ နာရီ၌ ဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းဖြစ်စဉ်တွင် ရန်ပြုမူခံရသည့် လက္ခဏာမတွေ့ရကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုဖြစ်ပွားရခြင်းအကြောင်းအရာကို စုံစမ်းစစ်ဆေးမှုတစ်ခုစတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နှင် စက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု သို့မဟုတ် လူသားအမှားကြောင့် ပျက်ကျသွားခြင်း ဖြစ်နိုင်ချေရှိကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
ယင်း HMS Queen Elizabeth လေယာဉ်တင်သင်္ဘောပေါ်တွင် ဗြိတိန်စစ်တပ်မှ F-35 ဂျက်တိုက်လေယာဉ် ၈ စင်း နှင့် အမေရိကန် ရေတပ်မှ လေယာဉ် ၁၂ စင်း ကို တင်ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အသံထက်မြန်သော F-35 ဂျက်တိုက်လေယာဉ်များသည် တစ်စင်းလျှင် စတာလင်ပေါင် ၉၂ သန်း (အမေရိကန်ဒေါ်လာ ၁၂၄ သန်း) တန်ဖိုးရှိပြီး ဗြိတိန်နိုင်ငံ Norfolk ကောင်တီရှိ RAF Marham တွင် အခြေစိုက်ထားသည့် အမေရိကန် လော့ဟီမာတင်ကုမ္ပဏီက တည်ဆောက်ထားပေးခြင်းဖြစ်ကြောင်း ဘီဘီစီသတင်းဌာနဖော်ပြချက်အရ သိရသည်။(Xinhua)

——————————————–
(English Version)

UK fighter jet crashes in Mediterranean

LONDON, Nov. 17 (Xinhua) — A British F-35 fighter jet has crashed into the sea during a routine operation in the Mediterranean, the country’s Ministry of Defence said Wednesday.

The pilot ejected and returned safely to the royal navy aircraft carrier HMS Queen Elizabeth, the ministry said.
It added the incident happened at 10:00 GMT over international waters and hostile action is not thought to have been involved.

An investigation has begun and would likely focus on potential technical or human error, reported the BBC.
There are eight British F-35 jets on the carrier and 12 from the U.S. Marine Corps.
The supersonic fighters, which cost 92 million pounds (about 124 million U.S. dollars) each and are built by the U.S. firm Lockheed Martin, are based at RAF Marham in Norfolk, according to the BBC.