Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက COVID-19 မျိုးဗီဇကွဲအသစ်ကြောင့် တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဆိုင်းငံ့

ဒါကာ ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

COVID-19 မျိုးဗီဇကွဲအသစ် ပြန့်နှံ့မှု ဖြစ်ပွားနေစဉ်အတွင်း တောင်အာဖရိကနိုင်ငံမှ ခရီးသွားများ ဝင်ရောက်မှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုဝင်ဘာ ၂၇ ရက်တွင် ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ် ကျန်းမာရေး နှင့် မိသားစု လူမှုဘဝဖူလုံရေး ဝန်ကြီး Zahid Maleque က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရသည် တောင်အာဖရိကနိုင်ငံ၌ မျိုးဗီဇကွဲအသစ် ပြန့်နှံ့နေခြင်းကို သတိပြုမိကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

“တောင်အာဖရိကနိုင်ငံကနေ ခရီးသွားတွေ ဝင်ရောက်လာမှုကို ချက်ချင်းရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”ဟု ဝန်ကြီးက ပြောကြားခဲ့သည်။
အိုမီခရွန် (omicron) ဟု အမည်ပေးထားသည့် ယင်းမျိုးဗီဇကွဲအသစ်သည် ကူးစက်မှုအလွန်လျင်မြန်ပြင်းထန်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် ဆိပ်ကမ်းများအားလုံး၌ ရောဂါစစ်ဆေးရေးလုပ်ငန်းစဉ်များကို အားကောင်းအောင် ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မကြာသေးမီလများအတွင်း ကာကွယ်ဆေးထိုးနှံမှု မြှင့်တင်ခဲ့ခြင်းကြောင့် COVID-19 ရောဂါကူးစက်သူ နှင့် သေဆုံးသူ အရေအတွက်မှာ သိသိသာသာကျဆင်းသွားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည ဇန်နဝါရီလတွင် အိန္ဒိယနိုင်ငံမှ အထောက်အပံ့များနှင့်အတူ ကာကွယ်ဆေး ထိုးနှံမှုကို စတင်ခဲ့သော်လည်း ဆေးဝါးထောက်ပံ့ပို့ဆောင်ရေးပြဿနာများဖြင့် လျင်လျင်မြန်မြန်ကြုံတွေ့ခဲ့ရသည်။ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများနှင့်အတူ ဇွန်လတွင် ကာကွယ်ဆေးထိုးနှံမှု လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုဝင်ဘာ ၂၇ ရက်တွင် COVID-19 လူနာသစ် ၁၅၅ ဦး နှင့် ထပ်မံသေဆုံးသူ ၂ ဦး ရှိခဲ့ပြီး ရောဂါဖြစ်ပွားသူပေါင်း ၁,၅၇၅,၅၇၉ ဦး နှင့် သေဆုံးသူပေါင်း ၂၇,၉၇၅ ဦး ရှိကြောင်း ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က သိရသည်။ (Xinhua)

…………………………………………
(Chines Version)

Bangladesh suspends travel from South Africa over new COVID-19 variant

DHAKA, Nov. 28 (Xinhua) — Bangladesh on Saturday suspended entry of travelers from South Africa amid the spread of a new variant of COVID-19.
Making the announcement, Bangladesh Minister of Health and Family Welfare Zahid Maleque said the Bangladeshi government is aware of the emergence of the new variant in South Africa.
“We’ve decided to suspend travel from South Africa with immediate effect,” the minister said.
He said this new variant, named Omicron, is extremely aggressive.

According to the minister, the Bangladeshi government is also strengthening screening procedures at all ports.
COVID-19 infections and deaths from the virus have fallen significantly in Bangladesh in recent months due to the vaccination drive.
Bangladesh began the vaccine rollout with Indian supplies in January but quickly ran into delivery problems. In June, the vaccination drive resumed largely with Chinese Sinopharm vaccines.

Bangladesh reported 155 new COVID-19 cases and 2 new deaths on Saturday, taking the tally to 15,75,579 and the death toll to 27,975, the Directorate General of Health Services (DGHS) said. ■

Photo – A school girl flashes victory sign when receiving a dose of COVID-19 vaccine in Dhaka, capital of Bangladesh, on Nov. 2, 2021. Bangladesh has started administering COVID-19 vaccines to students aged 12-17 in Dhaka. (Str/Xinhua)