Connect with us

COVID-19 UPDATES

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်တွင် Sinopharm ကာကွယ်ဆေးဖြင့် အထူးကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်း ဆောင်ရွက်မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော အမျိုးသမီးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထိပ်တန်းဦးဆောင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအတွက် အထူးကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၄ ရက်၌ စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်ပိန်းအား အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး မြို့တော် ဒါကာရှိ ဒါကာတက္ကသိုလ်၏ Martyred Intellectual Doctor Muhammad Murtaza ကျန်းမာရေးစင်တာ ယာယီနေရာတွင် စတင်သွားမည်ဖြစ်သည်။

ကျောင်းသားများ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများအနေဖြင့် တစ်နေရာတည်းတွင် မှတ်ပုံတင်ခြင်းဆောင်ရွက်ကာ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးထိုးနှံခံယူနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကိုလည်း နိုဝင်ဘာ ၁ ရက်မှစတင်ဆောင်ရွက်သွာမည်ဖြစ်သည်။
တက္ကသိုလ်အာဏာပိုင်များသည် မကြာသေးမီက တက္ကသိုလ်နောက်ဆုံးနှစ်နှင့် မဟာတန်းကျောင်းသားများအတွက် အောက်တိုဘာ ၅ ရက်မှစတင်ကာ စာသင်ဆောင်များပြန်လည်ဖွင့်လှစ်ရေး အကြံပြုထားသဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကမ်ပိန်းအား ဆောင်ရွက်ခြင်းဖြစ်သည်။

တက္ကသိုလ်စာသင်ခန်းမများအား COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————————
(English Version)
Bangladesh goes for special inoculation campaign with Sinopharm at top university
Source: Xinhua| 2021-10-03 22:59:13|Editor: huaxia
DHAKA, Oct. 3 (Xinhua) — Bangladesh will launch a special inoculation campaign for top leading university’s teachers, students, officials and employees Monday.
The campaign, which will continue till Oct. 17, will begin at a temporary set-up at Dhaka University’s Martyred Intellectual Doctor Muhammad Murtaza Medical Centre in capital Dhaka.
According to a press release, students, teachers and officials will receive the Chinese Sinopharm vaccine through on-the-spot registration.
Also, it said another campaign to offer the second dose would begin from Nov. 1.
The vaccination campaign is being launched as the varsity’s authorities have recently recommended the reopening of halls from Oct. 5 for bachelor’s final year and master’s students.
The university’s halls remained closed since March, 2020 due to COVID-19 pandemic. Enditem
Photo: A woman receives the COVID-19 vaccine in Dhaka, Bangladesh, Feb. 7, 2021. Bangladesh has launched countrywide COVID-19 vaccination drive Sunday after a two-day pilot immunization program at the end of the last month. (Xinhua)