Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးကို လူသားဖြင့် စမ်းသပ်မှု ခွင့်ပြုမိန့် ရရှိ

ဒါကာ ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် COVID-19 ကာကွယ်ဆေးကို လူသားဖြင့် စမ်းသပ်မှုတစ်ခုအတွက် ကျင့်ဝတ်ဆိုင်ရာ ခွင့်ပြုမိန့်အား ရရှိခဲ့ကြောင်း သိရသည်။ပြည်တွင်း ဆေးဝါးကုမ္ပဏီ Globe Biotech က ထုတ်လုပ်သည့် Bangavax ကာကွယ်ဆေးကို ဘင်္ဂလားဒေ့ရှ်ဆေးသုတေသနကောင်စီ(BMRC)က တိရစ္ဆာန်ဖြင့် စမ်းသပ်မှုဆိုင်ရာ မှတ်တမ်းများအားလုံးအား ပြန်လည်သုံးသပ်ပြီးနောက် ကောင်စီထံမှ နိုဝင်ဘာ ၂၃ ရက်တွင် ခွင့်ပြုမိန့် ရရှိခဲ့ခြင်းဖြစ်သည်။

“ကျန်းမာပြီး အရွယ်ရောက်ပြီးသူ ၆၄ ဦးအထိ လူသားဖြင့် စမ်းသပ်မှုတစ်ခုအတွက် BMRC က ကျင့်ဝတ်နှင့် ကိုက်ညီတဲ့ ခွင့်ပြုမိန့် ရရှိခဲ့ပါတယ်။”ဟု Globe Biotech ကုမ္ပဏီ၏ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သူ Mohammad Mohiuddin က သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆင့် ၂ နှင့် အဆင့် ၃ စမ်းသပ်မှုများတွင် ကာကွယ်ဆေး၏ ဘေးကင်းမှု နှင့် အစွမ်းထိရောက်မှုကို ပြသနိုင်ပါက ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန်အတွက် ခွင့်ပြုမိန့် ပေးသွားမည်ဟု ကုမ္ပဏီအား BMRC က အကြောင်းကြားထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

Globe Biotech ကုမ္ပဏီသည် နိုဝင်ဘာ ၁ ရက်တွင် လူသားဖြင့် စမ်းသပ်မှုအတွက် အတည်ပြုချက် လျှောက်ထားခဲ့ကြောင်း ၊ ကာကွယ်ဆေးသည် မျောက်များတွင် စမ်းသပ်မှု၌ ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကာကွယ်ဆေးသည် အပူချိန် ၄ ဒီဂရီစင်တီဂရိတ်တွင် တစ်လကြာ သိမ်းဆည်းနိုင်ပြီး အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်တွင် ၆ လအထိ သိမ်းဆည်းနိုင်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

Bangladesh’s first homegrown COVID-19 vaccine gets clearance for human trial

DHAKA, Nov. 24 (Xinhua) — Bangladesh’s first homegrown COVID-19 vaccine has obtained ethical clearance for a human trial.
The Bangavax vaccine, developed by local pharmaceutical company Globe Biotech, on Tuesday received the clearance from Bangladesh Medical Research Council (BMRC) after the council reviewed all the documents on animal trials.

“We’ve got ethical clearance from BMRC for a human trial on up to 64 healthy adult participants,” Mohammad Mohiuddin, a senior official at Globe Biotech, told journalists.
He said the BMRC has informed the company that it will be given clearance for widespread use if its phase-2 and phase-3 trials show the vaccine’s safety and effectiveness.
Globe Biotech applied for approval for a human trial on Nov. 1, saying its vaccine has yielded “good results” in trials on monkeys.

The vaccine can reportedly be stored at a temperature of 4 degrees Celsius for one month and of -20 degrees Celsius for up to six months. Enditem
Photo – A woman receives a dose of COVID-19 vaccine at a slum in Dhaka, Bangladesh, Nov. 16, 2021. (Xinhua)