Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ COVID-19 ရောဂါဖြစ်ပွားသူ ၁ ဒသမ ၁ သန်းကျော် ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ မီးရထား ဘူတာရုံတစ်ခု၌ မေ ၂၄ ရက်က ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၁၈ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူ ၁ ဒသမ ၁ သန်းကျော် ရှိလာခဲ့ကြောင်း သိရသည်။ဇူလိုင် ၁၈ ရက်တွင် လူနာသစ် ၁၁,၅၇၈ ဦး နှင့် သေဆုံးသူ ၂၂၅ ဦး ထပ်တိုးလာခဲ့ပြီး အတည်ပြုလူနာပေါင်း ၁၁,၀၃,၉၈၉ ဦး နှင့် သေဆုံးသူပေါင်း ၁၇,၈၉၄ ဦး ရှိလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေ ကျန်းမာရေးဝန်ဆောင်မှုများ ညွှန်ကြားမှုဦးစီးဌာန(DGHS)က ထုတ်ပြန်ခဲ့သည်။နိုင်ငံအနှံ့ ဇူလိုင် ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၃၉,၈၀၆ ခုအား စစ်ဆေးခဲ့ကြောင်း တရားဝင်အချက်အလက်များတွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြန်လည်သက်သာလာသူ အရေအတွက်မှာ ဇူလိုင် ၁၈ ရက်တွင် ၈,၈၄၅ ဦး အပါအဝင် စုစုပေါင်း ၉၃၂,၀၀၈ ဦးထိ ရှိလာခဲ့ကြောင်း DGHS ထံမှ သိရသည်။

တရားဝင်အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းသည် ယခုအခါ ၁ ဒသမ ၆၂ ရာခိုင်နှုန်း ရှိပြီး လက်ရှိတွင် ပြန်လည်သက်သာလာမှုနှုန်းသည် ၈၄ ဒသမ ၄၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေ့စဉ် လူနာသစ် တွေ့ရှိမှု အမြင့်ဆုံးသည် ဇူလိုင် ၁၂ ရက်တွင် ၁၃,၇၆၈ ဦး ဖြစ်ပြီး ဇူလိုင် ၁၁ ရက်တွင် သေဆုံးသူ အများဆုံး အဖြစ် ၂၃၀ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

Bangladesh’s COVID-19 cases surpass 1.1 mln

DHAKA, July 18 (Xinhua) — More than 1.1 million cases of COVID-19 have been confirmed in Bangladesh as of Sunday.

The country’s Directorate General of Health Services (DGHS) reported 11,578 new COVID-19 cases and 225 more deaths on Sunday, making the tally at 11,03,989 and death toll at 17,894.

The official data showed that 39,806 samples were tested in the last 24 hours as of 8:00 a.m. local time Sunday across Bangladesh.

The total number of recovered patients in the country stood at 932,008 including 8,845 new recoveries Sunday, said the DGHS.

According to the official data, the COVID-19 fatality rate in Bangladesh is now 1.62 percent and the current recovery rate is 84.42 percent.

Bangladesh recorded the highest daily new cases of 13,768 on July 12 and the highest number of deaths of 230 on July 11. Enditem
Photo – Passengers are seen at a railway station in Dhaka, Bangladesh on May 24, 2021. (Xinhua)