Connect with us

Asia

ဘင်္ဂလားဒေ့ရှ် မီးရထားပို့ဆောင်ရေးက ရထားတွဲများ ဝယ်ယူရန် တရုတ်ကုမ္ပဏီနှင့် သဘောတူလက်မှတ်ထိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ၂၀၂၁ ခုနှစ် ဩဂုတ်တွင် ရထားစမ်းသပ်ပြေးဆွဲမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်မီးရထားပို့ဆောင်ရေးသည် ကုန်စည်ရထားဝန်ဆောင်မှုစွမ်းရည်အား တိုးချဲ့ရန်အတွက် ကုန်တွဲ ၅၈၀ တွဲ ဝယ်ယူရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မီးရထားပို့ဆောင်ရေးနှင့် CRRC Shandong ကုမ္ပဏီတို့သည် ဒီဇင်ဘာ ၂၈ ရက်တွင် မြို့တော် ဒါကာမြို့၌ သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီးရထားပို့ဆောင်ရေးဝန်ကြီး Nurul Islam Sujan ၊ ဘင်္ဂလားဒေ့ရှ် မီးရထား ပို့ဆောင်ရေးနှင့် တရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ်များ နှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရထားကုန်တွဲအသစ်များသည် ပြည်တွင်းရထားကုန်စည်ဝန်ဆောင်မှုများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ရန် ဘင်္ဂလားဒေ့ရှ်မီးရထားပို့ဆောင်ရေးက ကူညီပေးမည် ဖြစ်ကြောင်း မီးရထားဝန်ကြီး Nurul Islam Sujan က ပြောကြားခဲ့သည်။

သဘောတူညီချက်အရ တရုတ်ကုမ္ပဏီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အတွက် စုစုပေါင်း ဘင်္ဂလားဒေ့ရှ်ငွေကြေး တကာ ၃ ဒသမ ၂ ဘီလီယံဝန်းကျင်(အမေရိကန်ဒေါ်လာ ၃၇ သန်းခန့်) တန်ဖိုးရှိ ရထားကုန်တွဲများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Bangladesh Railway signs deal with Chinese firm to buy wagons
DHAKA, Dec. 28 (Xinhua) — Bangladesh Railway has signed a deal with a Chinese firm to purchase 580 wagons to expand its freight train service capacity.
Bangladesh Railway and CRRC Shandong Co., Ltd. signed the deal at a ceremony held in the capital Dhaka on Tuesday.
Bangladesh’s Railways Minister Nurul Islam Sujan, representatives from the Bangladesh Railway and the Chinese firm, among others, attended the ceremony.
The minister said the new railway wagons will help Bangladesh Railway further enhance the quality of domestic rail freight services.
Under the deal, the Chinese firm will provide the railway wagons for the Bangladeshi side for a sum of around 3.2 billion taka (about 37 million U.S. dollars). Enditem
Photo – People witness the first trial run of Bangladesh’s metro rail service in Dhaka, Bangladesh, on Aug. 29, 2021. Bangladesh’s first metro rail in the capital Dhaka made the trial run Sunday on a section of the 20.1-km project, known as Mass Rapid Transit Line-6 (MRT 6). (Xinhua)