Connect with us

Europe

ဘရပ်ဆဲလ်မြို့၌ ကာကွယ်ဆေးထိုးနှံမှု ခံယူရန် မလိုလားသည့် ကျန်းမာရေး ဝန်ထမ်း ၄,၀၀၀ ကျော်ဆန္ဒပြ

ဘရပ်ဆဲလ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

ဘရပ်ဆဲလ်မြို့၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအားလုံး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြရန် အစိုးရ၏ ဆုံးဖြတ်ချက်အား ဆန့်ကျင်ကာ ဒီဇင်ဘာ ၇ ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း ၄,၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း သိရသည်။ကာကွယ်ဆေးအား ငြင်းဆိုကြသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဒဏ်ငွေပေးဆောင်ရန် သတ်မှတ်ထားကြောင်း နှင့် ယာယီဆိုင်းငံ့မှုဖြင့် ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် “ဝန်ထမ်းတွေကို ထုတ်ပယ်မဲ့အစား ကျွန်ုပ်တို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကယ်တင်ကြပါစို့” နှင့် “ကျွန်ုပ်တို့ အသိဥာဏ်ပိုပြီး လိုအပ်ပါတယ်။”ဟု စာတမ်းတစ်ချို့အား ကြွေးကြော်ကာ ခွဲခြားဆက်ဆံမှု နှင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံခြင်းအား ရှုတ်ချခဲ့ကြကြောင်း သိရသည်။

“လူတိုင်းမှာ ရွေးချယ်ဖို့ အခွင့်အရေး ရှိပါတယ်။ ဒါပေမယ် ဝန်ထမ်းတွေအပေါ် ထုတ်ပယ်မယ်ဆိုတဲ့ ငြိမ်းခြောက်မှုတွေကို လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအင်အားက မလုံလောက်ပါဘူး ။ ကျွန်တော်တို့ အလုပ်မလုပ်ဘဲနေရင် ဒါက ဘေးအန္တရာယ် တစ်ခု ဖြစ်လာပါလိမ့်မယ်။လူတွေက ဒီအလုပ်ကို ဝင်ရောက်ဖို့ စိတ်အားထက်သန်မှု နည်းသွားပါလိမ့်မယ်။”ဟု Liege ပြည်နယ်ရှိ ဆေးရုံအလုပ်သမားတစ်ဦး ဖြစ်သူ Raphael Meys က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်တွင် အစိုးရသည် ကျန်းမာရေးဝန်ထမ်းများအတွက် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ဥပဒေကြမ်းတစ်ခုအား ခွင့်ပြုခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ သူနာပြုဝန်ထမ်းများသည် ကာကွယ်ဆေးထိုးနှံရန် အချိန်သုံးလ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ဧပြီလ ၁ ရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံရမည့် တာဝန်အသစ်ကို မလိုက်နာပါက ဝန်ထမ်းများသည် ၎င်းတို့၏ ဗီဇာ သို့မဟုတ် မှတ်ပုံတင်နံပါတ်အား ဆုံးရှုံးမည် ဖြစ်ကြောင်း နှင့် ထိုကြောင့် ထုတ်ပယ်ခံရနိုင်ကြောင်း သိရသည်။

ဆန္ဒပြပွဲစီစဉ်သူများသည် ကျန်းမာရေးဝန်ကြီး Franck Vandenbroucke ၏ ဝန်ထမ်းအကြီးအကဲ နှင့် တွေ့ဆုံဆွေးနွေးမှုတစ်ခုအား ပြုလုပ်ခဲ့ပြီး လာမည့်အပတ်တွင် နောက်ထပ်အစည်းအဝေးအား ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

4,000 healthcare workers protest in Brussels against vaccination obligation

BRUSSELS, Dec. 7 (Xinhua) — Over 4,000 healthcare workers protested on Tuesday in Brussels against the federal government’s decision to make vaccinations compulsory for all medical staff.

Medical employees who refuse the vaccine are set to be fined, and could face temporary suspension.
Protesters denounced compulsory vaccination as “discriminatory” and “unproductive,” with some placards reading “we need more common sense” and “let’s save our health care system instead of dismissing staff.”

“Everyone has the right to choose, but the threats of dismissal hanging over the staff are unacceptable. We are already short-staffed. If we lay off, it will be a disaster and people will be even less motivated to enter this profession,” said Raphael Meys, a hospital employee in the province of Liege.

On Nov. 19, the federal government passed a bill on compulsory vaccination for healthcare workers.
From Jan. 1, 2022, nursing staff will have three months to get vaccinated.

From April 1, in the event of non-compliance with the new vaccination obligation, staff will be deprived of their visa or registration number, and may therefore be dismissed.
The organizers of the protest (the common union front) have held a meeting with the chief of staff of the Minister of Health Franck Vandenbroucke, and another meeting has also been scheduled for next week. Enditem

Photo – People wait to receive test at a COVID-19 test center in Brussels, Belgium, Dec. 7, 2021. Hans Kluge, the WHO’s regional director for Europe, on Tuesday urged governments and citizens in Europe to take immediate action to halt the spread of the COVID-19 pandemic by implementing five pandemic stabilizers to keep the mortality rate down. (Xinhua/Zhang Cheng)