Connect with us

ASEAN

ဘရူနိုင်းနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် ကူညီရန် ဓာတ်ခွဲခန်းသုံးအထောက်အကူပြုပစ္စည်းများ တရုတ်-ဘရူနိုင်ငံ ဖက်စပ်လုပ်ငန်းက လှူဒါန်း

ဘန်ဒါဆရီဘဂါဝန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဘရူနိုင်ငံးနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးတွဲဖက်စပ် ရေနံဓာတုပစ္စည်းစက်ရုံ Hengyi Industries Sdn Bhd က ဘရူနိုင်းနိုင်ငံ၏ ဓာတ်ခွဲခန်းလုပ်ငန်းများဦးစီးဌာနသို့ ဓာတ်ခွဲခန်းသုံးအထောက်အကူပြုပစ္စည်းများအား ကျန်းမာရေးဝန်ကြီးဌာနတွင် ဩဂုတ် ၃၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

Hengyi Industries သည် တရုတ်နိုင်ငံ Zhejiang Hengyi Group နှင့် ဘရူနိုင်း အစိုးရ၏ မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှုမတည်ရန်ပုံငွေအောက်ရှိ နိုင်ငံပိုင်လုပ်ငန်းခွဲတစ်ခုဖြစ်သော Damai Holdings တို့ကြား ပူးတွဲဖက်စပ်လုပ်ငန်းတစ်ခု ဖြစ်ပြီး နှစ်နိုင်ငံက ၇၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း ရှယ်ယာအသီးသီးပိုင်ဆိုင်ကြောင်း သိရသည်။
 
“အီသိုင်းအယ်လ်ကိုဟော၊ ဓာတုပိုးသတ်ဆေးနဲ့ မီးသတ်ဆေးများပါဝင်တဲ့ လှူဒါန်းမှုက ဘရူနိုင်ငံရဲ့ ရောဂါပိုးမွှားဗေဒဓာတ်ခွဲခန်းမှာ လတ်တလောလိုအပ်နေတာဖြစ်ပြီး နိုင်ငံအတွင်းရှိ COVID-19 တို့ဖတ်စစ်ဆေးမှု လုပ်ငန်းစဉ်တွေမှာ အထောက်အကူဖြစ်စေဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်” ဟု Hengyi Industries အမှုဆောင်အရာရှိချုပ် Chen Liancai က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
 
“Hengyi အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကို ပံ့ပိုးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို နိုင်ငံအတွင်း COVID-19 ပျံ့နှံ့မှုကို တားဆီးရေးအတွက် ကူညီပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
 
ဘရူနိုင်းနိုင်ငံတွင် ဩဂုတ် ၃၁ ရက်၌ COVID-19 ရောဂါဖြစ်ပွားသူအသစ် ၇၁ ဦး ရှိခဲ့ရာ နိုင်ငံတစ်ဝန်း စုစုပေါင်းရောဂါဖြစ်ပွားသူ ၂,၇၁၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
 
လက်ရှိတွင် အမျိုးသား သီးသန့်စင်တာ၌ ကုသမှုခံယူကာ စောင့်ကြည့်မှုခံယူနေသည့် ရောဂါဖြစ်ပွားသူ ၁,၇၃၄ ဦးရှိပြီး ၎င်းတို့အနက် ၈ ဦးမှ စိုးရိမ်ဖွယ်အခြေအနေရှိပြီး အခြားသူ ၂၈ ဦးမှာ အနီးကပ်စောင့်ကြည့်မှုခံယူလျက် ရှိကြောင်း သိရသည်။
 
ဘရူနိုင်းနိုင်ငံတွင် ရောဂါမှပြန်လည်ကျန်းမာလာသူ ၉၆၆ ဦးနှင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ကြောင်း သိရသည်။
 
“စက်တင်ဘာ ၁ ရက်ကစပြီးတော့ နောက်ထပ်ကြေညာချက်တစ်ခု မထွက်ခင်အထိ နိုင်ငံတစ်ဝန်းရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတွေအနေနဲ့ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေးထားသူတွေကို COVID-19 ကာကွယ်ဆေးထိုးနှံရေးဝန်ဆောင်မှု ပေးနိုင်မှာမဟုတ်သေးပါဘူး” ဟု ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်က ကြေညာခဲ့သည်။
 
ယင်းသို့ ရွှေ့ဆိုင်းမှုသည် COVID-19 ကာကွယ်ဆေး ပံ့ပိုးမှု အလျင်အမြန် နှင့် မမျှော်လင့်ဘဲ လျော့ကျသွားခြင်းကြောင့်ဖြစ်ကြောင်း၊ ကာကွယ်ဆေးပံ့ပိုးမှု ရရှိရန် ဖြစ်နိုင်သမျှမြန်မြန် ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)
——————————————-
(English Version)
China-Brunei joint venture donates laboratory supplies to help in Brunei’s fight against COVID-19
 
BANDAR SERI BEGAWAN, Aug. 31 (Xinhua) — Hengyi Industries Sdn Bhd, a petrochemical joint venture between Brunei and China, donated essential laboratory supplies to Brunei’s Department of Laboratory Services at the Ministry of Health on Tuesday.
Hengyi Industries is a joint venture between China’s Zhejiang Hengyi Group and Damai Holdings, a wholly-owned subsidiary under the Brunei government’s Strategic Development Capital Fund, with the two sides owning 70 percent and 30 percent of the shares respectively.
 
“The donation, which consists of absolute ethyl alcohol, chemical sterilant and fire extinguishers, are urgently needed in Brunei’s virology laboratory and will be used to assist with the processing of COVID-19 swab tests in the country,” Chen Liancai, Chief Executive Officer of Hengyi Industries, told Xinhua.
 
“Hengyi will continue to provide support to the Ministry of Health and help with the fight to curb the spread of COVID-19 in the nation,” Chen added.
Brunei reported 71 new COVID-19 cases on Tuesday, bringing the national tally to 2,712.There are currently 1,734 active cases being treated and monitored at the National Isolation Center, with eight of them in critical condition and 28 other patients under close monitoring.
 
There have been a total of 966 recovered patients and 12 deaths reported so far in the country.Meanwhile, the health ministry also announced on Tuesday that starting from Wednesday, until a date to be announced later, “all vaccinations centers nationwide will not be able to provide the COVID-19 vaccination services to anyone who has booked for the first dose.”
The health ministry said the postponement “is due to the supply of COVID-19 vaccine that has been reduced rapidly and unexpectedly,” adding it is working to get vaccine supplies as soon as possible. Enditem
 
Photo : A frontliner receives her first shot of Sinopharm COVID-19 vaccine in Bandar Seri Begawan, capital of Brunei, April 3, 2021. Brunei officially began its national vaccination program for COVID-19 at vaccination centers throughout the country on Saturday. According to Brunei’s Ministry of Health, a total of 754 people received their first dose of COVID-19 vaccine injection on Saturday, including Haji Awang Mohammad Isham, Minister of Health, who received his jab of Sinopharm vaccine at the Raja Isteri Pengiran Anak Saleha Hospital (RIPAS), the country’s biggest public hospital with dozens of other recipients. (Photo by Jeffrey Wong/Xinhua)