Connect with us

Media

ဘိုင်ဒန်က COVID-19 ကာကွယ်ဆေးထပ်မံအားဖြည့် booster shot ထိုးနှံမှုခံယူ

ဝါရှင်တန်၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ပြီးခဲ့သည့် တနင်္လာနေ့တွင် အိမ်ဖြူတော်၌ COVID-19 ကာကွယ်ဆေး ထပ်မံအားဖြည့် ထိုးနှံမှု booster shot ခံယူပုံကို မှတ်တမ်းထားသည့် ရုပ်သံဖိုင်ဖြစ်သည်။

“ထပ်မံအားဖြည့် ကာကွယ်ဆေးတွေဟာ အရေးကြီးပါတယ်၊ ဒါပေမဲ့ ပိုပြီးအရေးကြီးတာကတော့ ပြည်သူတွေ ဒီထက်ပိုပြီးကာကွယ်ဆေးထိုးကြဖို့ကျွန်တော်တို့လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ဘိုင်ဒန် က ကာကွယ်ဆေးမထိုးမီပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံနိုင်တဲ့ လူအုပ်စုထဲပါတဲ့ အမေရိကန်နိုင်ငံသား ၂၃ ရာခိုင်နှုန်းလောက်ဟာအခုထိ မထိုးရသေးကြောင်းသမ္မတက ဆိုသည်။

CNN သတင်းဌာန၏ အဆိုအရ အမေရိကန်နိုင်ငံသား သန်း ၂၀ ခန့် သည် Pfizer ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှု ခံယူနိုင်သည့်အချက်အလက်များနှင့်ကိုက်ညီကြောင်းဆိုသည်။

Pfizer ကာကွယ်ဆေး ထပ်မံအားဖြည့်ထိုးနှံရန် သက်ကြီးပိုင်းများ၊ ကာလရှည်စောင့်ရှောက်ခံနေရသူများ၊ ကျန်းမာရေးချို့တဲ့သူများနှင့် COVID-19 ကူးစက်ခံရမည့်အန္တရာယ်မြင့်မားသည့်လုပ်ငန်း လုပ်ဆောင်သူများ အကြုံးဝင်သည်ဟု အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုက ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

…………………………..
(English Version)
Biden gets COVID-19 vaccine booster shot
WASHINGTON, Sept. 27 (Xinhua) — U.S. President Joe Biden on Monday received his COVID-19 vaccine booster shot on camera at the White House.
“Boosters are important, but the most important thing we need to do is get more people vaccinated,” Biden said before getting his booster shot.
About 23 percent of eligible Americans haven’t gotten any shot, said the president.
Some 20 million Americans are eligible for a third shot of the Pfizer vaccine, according to a CNN report.
The U.S. Centers for Disease Control and Prevention (CDC) last week recommended Pfizer boosters for older adults, long-term care facility residents, some people with underlying health conditions and adults at increased risk of COVID-19 because of their jobs.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.