Connect with us

China

ဘုံဖွံဖြိုးတိုးတက်မှုအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမ အရည်အသွေးမြှင့်တင်ရန် နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (BRF) ၏ အကြံပေးကောင်စီ အစည်းအဝေးသို့ တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့မှ နေ၍ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၂၀၂၁ခုနှစ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (BRF) ၏ အကြံပေးကောင်စီ အစည်းအဝေးတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

ကမ္ဘာကြီးသည် စီးပွားရေး ပြန်လည်ဦးမော့လာမှု၏ အရေးပါသော အဆင့်နှင့် ရင်ဆိုင်နေရသဖြင့် တရုတ်နိုင်ငံသည် ပြည်သူကိုဗဟိုပြုသည့် ပူးပေါင်းဆောင်ရွက်ရေး အတွေးအခေါ်ကို လိုက်နာရန်၊ အရည်အသွေးမြင့်ပြီး အဆင့်အတန်းမြင့်သော ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဘုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မျှော်မှန်းချက်များအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုလားကြောင်း ဝမ်ကပြောကြားခဲ့သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ (B&R) ပူးတွဲတည်ဆောက်မှုသည် လွန်ခဲ့သည့် ရှစ်နှစ် စတင်လုပ်ဆောင်ခဲ့ချိန်ကတည်းက ခိုင်မာသောရလဒ်များ ရရှိခဲ့ကြောင်းဝမ်ကဆိုသည်။

တရုတ်နိုင်ငံသည် ပြင်ပကမ္ဘာကို တံခါးပိတ်မည့်အစား ပွင့်လင်းမှုကို စွဲကိုင်သွားမည်ဖြစ်ကြောင်း၊ မည်သူမျှအကျိုးအမြတ်မရှိမှုကို ရှာဖွေမည့်အစား နှစ်ဦးနှစ်ဘက် အကျိုးရှိမည့် ရလဒ်များကို လိုက်နာမည်ဖြစ်ကြောင်း၊ သို့မှသာ လူသားမျိုးနွယ်အတွက် ကံကြမ္မာအကျိုးတူအသိုက်အဝန်း တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန် အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းလမ်းမ တည်ဆောက် သွားမည်ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
…………………………………………
(English Version)
FM stresses high-quality B&R for common development
BEIJING, Dec. 17 (Xinhua) — Chinese State Councilor and Foreign Minister Wang Yi addressed the 2021 meeting of the Advisory Council of the Belt and Road Forum for International Cooperation via video link on Friday.
As the world is faced with the crucial juncture of economic recovery, China is willing to work with all partners to follow a people-centered cooperation philosophy, carry out high-quality and high-standard cooperation, and strive for the vision of global common development, Wang said.
Wang said the joint building of the Belt and Road (B&R) has achieved concrete results since the initiative was put forward eight years ago.
China will stick to openness instead of closing doors to the outside world, and follow win-win results instead of seeking zero-sum game, so as to contribute to building a community with a shared future for humanity through high-quality B&R construction, Wang said. Enditem