Connect with us

Europe

မက်ဆီ နှင့် ဘာဆီလိုနာအသင်း လမ်းခွဲ ၊ အချစ်ဇာတ်လမ်း အဆုံးသတ်

ဘာဆီလိုနာအသင်းတိုက်စစ်မှူးလီယိုနယ်မက်ဆီက ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၆ ရက်တွင် နျူရင့်ကွင်း၌ နပိုလီအသင်းနှင့်ယှဉ်ပြိုင်ကစားသည့် ဥရောပချန်ပီယံလိဂ် ဒုတိယအကြော့ပွဲစဉ်တွင် ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ်(ဓာတ်ပုံ- FC Barcelona)

ဗျူနိုအေးစ်အဲရစ် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

အာဂျင်တီနားဘောလုံးအသင်းခေါင်းဆောင် လီယိုနယ်မက်ဆီသည် (ဆယ်စုနှစ် ၂ ခု )နှစ်ပေါင်း ၂၀ ကျော်ကြာ ပါဝင်ကစားခဲ့သည့် ဘာဆီလိုနာအသင်းမှ ထွက်ခွာတော့မည့် မယုံနိုင်ဖွယ် စိတ်မကောင်းဖွယ် သတင်းကို အာဂျင်တီးနားမီဒီယာက ရေးသား ဖော်ပြခဲ့သည်။ကြာသပတေးနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ဘာဆီလိုအသင်း၏ တရားဝင်ကြေညာချက်တစ်စောင်သည် “ မက်ဆီရော တစ်ကမ္ဘာလုံးကို အံအားသင့်စေခဲ့ကြောင်း” အာဂျင်တီးနားပြည်တွင်း နာမည်ကျော် အားကစားသတင်းဂျာနယ်တစ်ခုဖြစ်သည့် “Ole” က ရေးသားဖော်ပြခဲ့သည်။

“ လစာငွေကို ၅၀ ရာခိုင်နှုန်လျှော့ယူဖို့ လက်ခံမယ့် မက်ဆီအတွက် နောက်ထပ် ၅ နှစ်သက်တမ်း စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖို့ အားလုံးလုပ်ထားပြီးသားပါ” ဟု သတင်းက ဆိုသည်။

“ သူ့အဖေ(Jorge) သူ့ကို လာပြောပြတော့ သူမယုံနိုင်အောင်ဖြစ်သွားတယ် ၊ အားလုံးဘယ်လိုအဆုံးသတ်သွားလဲဆိုတာ သူအခုထိ မယုံကြည်နိုင်သေးပါဘူး။ မှော်ဆန်တဲ့ ရလဒ်အဖြေထွက်ပေါ်လာရင်တောင် အချစ်ဇာတ်ကတော့ ပြီးသွားပါပြီ ၊ ဘာဆီလိုနာအသင်းအင်္ကျီရဲ့နောက်ကျောမှာ မက်ဆီရဲ့နာမည်ကို တွေ့ရတော့မှာမဟုတ်ပါဘူး” ဟုဆိုသည်။

ထို့ပြင် La Nacion သတင်းစာက ဘာဆီလိုနာအသင်း၏ ကြေညာချက်သည် ဘဏ္ဍာရေးညီမျှစွာယှဉ်ပြိုင်ကစားရေးစည်းမျဉ်းစည်းကမ်းကို ပြောင်းလဲပစ်ရန် စပိန်လာလီဂါအား ဖိအားပေးသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်နိုင်ကြောင်း ၊ ယင်းမှာ ဘာဆီလိုနာအသင်းအနေဖြင့် အသုံးစရိတ်ထက် ဝင်ငွေနည်းပါးနေသည်ကို ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ အသက် ၃၄ နှစ်အရွယ် မက်ဆီ ထွက်ခွာသွားခြင်းမှာ အလွန်ကြီးမားသည့် သက်ရောက်မှုကို ဖော်ပြလျက်ရှိသည်။

“ မက်ဆီ ရှိနေတာနဲ့ မရှိတော့တဲ့ အနေအထားမှာ ရုပ်သံထုတ်လွှင့်ခြင်း ယှဉ်ပြိုင်မှုအတွက် ဘယ်လောက်သက်ရောက်မှု ကြီးမားသွားမလဲ ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
Clarin သတင်းစာကရေးသားဖော်ပြရာတွင် ထိုသို့ ဘဏ္ဍာရေးအခြေအနေခက်ခဲမှုကို သတိပြုမိသဖြင့် လွန်ခဲ့သော တစ်နှစ်က မက်ဆီသည် အသင်းမှ ထွက်ခွာလိုကြောင်း၎င်း၏ ဆန္ဒကို burofax မှတဆင့် ဘာဆီလိုနာအသင်းသို့ ပေးပို့ခဲ့ရာ အသင်းဥက္ကဌ Josep Bartomeu က ယင်းဆုံးဖြတ်ချက်ကို လက်မခံဘဲ ပယ်ချခဲ့သည်။

“ သူ(မက်ဆီ) ထွက်ချင်တဲ့အချိန် ထွက်သွားလို့မရဘူး ၊ သူနေချင်တဲ့အချိန်ကျတော့လည်း နေလို့မရဘဲ ထွက်သွားရပြန်တယ်” ဟု သတင်းစာက ဆိုသည်။
မက်ဆီ၏ အပြောင်းအရွှေ့တွင် မည်သည့်ဘက်မျှ အနိုင်ရလဒ်မထွက်နိုင်ကြောင်း ၊ စပိန်ဘောလုံးပြိုင်ပွဲအတွက် ကြီးမားသော သက်ရောက်မှုကိုသာကြုံတွေ့ရမည်ဖြစ်ကြောင်းသတင်းစာက ရေးသားဖော်ပြထားသည်။

“ ဒါကသိပ်ကိုရှင်းပါတယ် ၊ စပိန်မှာ လူတိုင်းမက်ဆီကို ဆုံးရှုံးလိုက်ရပြီ ဘာကြောင့်လဲဆိုတော့ သူဟာ ၁၃ နှစ်သားကတည်းက သူ့ရဲ့ဘောလုံးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ဒီမှာနေဖို့ စီစဉ်ထားပြီးသားပါ”“ ဘာဆီလိုနာရှုံးသွားတယ်၊ ကွင်းကွင်းကွက်ကွက်ကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားက လက်ပြနှုတ်ဆက်သွားပြီလေ။ ပြီးတော့ လာလီဂါပြိုင်ပွဲလည်းရှုံးတာပေါ့ ၊ ကြည့်ပါအုံး ကမ္ဘာကျော်ဘောလုံးသမား ခရစ်စတီယာနိုရော်နယ်ဒိုလည်း ၂၀၁၈ ခုနှစ်ကတည်းက စပိန်ကို ကျောခိုင်းသွားတယ်။ အခုတော့ ကမ္ဘာ့အကြီးကျယ်ခမ်းနားဆုံး ဘောလုံးသမားတွေ လာလီဂါကို စွန့်ခွာသွားကြပြီလေ ” ။(Xinhua)

——————————————————–
(English Version)

Reaction to Messi’s Barcelona exit: ‘The love story is over’

BUENOS AIRES, Aug. 5 (Xinhua) — Argentina’s media responded with disbelief and sadness to news that national team captain Lionel Messi is to leave Barcelona after more than two decades.

According to the prominent sports newspaper Ole, Barcelona’s communique on Thursday afternoon was “as much a shock to Messi as it was to the world.”

“Everything was on track [for Messi] to sign a new five-year contract, accepting a 50 percent pay cut,” it said.
“He cannot believe what his father Jorge told him. He still doesn’t understand how it all ended. Unless a magic solution appears, the love story is over. There will no longer be a Barcelona shirt with Messi’s name on the back of it.”

Newspaper La Nacion speculated that Barcelona’s statement could have been a tactic to pressure La Liga to change its financial fair play rules, explaining that Barcelona generated less income than it paid in wages. It described the impact of the 34-year-old’s departure as “incalculable”.

“How much are television rights for a competition with and without Messi?,” it

News outlet Clarin pondered the irony of the situation, which comes a year after Messi informed Barcelona via burofax of his desire to leave the club amid a row with then-president Josep Bartomeu, a decision the forward later retracted.

“When he wanted to leave he could not and when he wanted to stay he left,” the daily said.It opined that there would be no winners resulting from the move, adding that Spanish football is set to feel the biggest impact.
“It is clear that in Spain everyone loses … Messi, because he had planned to stay to fulfill his dreams as a footballer when he was 13 years old.”

“Barcelona lose, obviously, because the world’s best player is saying goodbye. And La Liga also loses. It already saw Cristiano Ronaldo depart [in 2018] and it has now been left without its biggest drawcard.” Enditem

Lionel Messi celebrates a goal in FC Barcelona’s UEFA Champions League quarterfinal second-round clash

News outlet Clarin pondered the irony of the situation, which comes a year after Messi informed Barcelona via burofax of his desire to leave the club amid a row with then-president Josep Bartomeu, a decision the forward later retracted.

“When he wanted to leave he could not and when he wanted to stay he left,” the daily said.
It opined that there would be no winners resulting from the move, adding that Spanish football is set to feel the biggest impact.
“It is clear that in Spain everyone loses … Messi, because he had planned to stay to fulfill his dreams as a footballer when he was 13 years old.”

“Barcelona lose, obviously, because the world’s best player is saying goodbye. And La Liga also loses. It already saw Cristiano Ronaldo depart [in 2018] and it has now been left without its biggest drawcard.” Enditem

Lionel Messi celebrates a goal in FC Barcelona’s UEFA Champions League quarterfinal second-round clash with Napoli at Camp Nou on August 8, 2020. (Photo by courtesy of FC Barcelona)