Connect with us

Asia

မနီလာမြို့တော်ဝန်က ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် တရားဝင်အမည်စာရင်းတင်သွင်း

မနီလာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၏ မြို့တော်ဝန် ဖရန်စစ္စကိုဒိုမတ်ဂိုဆို (Francisco Domagoso) သည် လာမည့် ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပရန်ရှိသော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ၎င်း၏ သမ္မတလောင်းအမည်စာရင်းတင်သွင်းလွှာကို ယနေ့ အောက်တိုဘာ ၄ ရက်တွင် ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းခဲ့ကြောင်း သိရသည်။အစ်ကိုမိုရန်နို (Isko Moreno) ဟူသော အမည်ဖြစ် လူသိများထင်ရှားသည့် အသက် ၄၆ နှစ်အရွယ် ဒိုမတ်ဂိုဆိုသည် ၎င်း၏ နိုင်ငံရေးမိတ်ဖက် တစ်ဦးဖြစ်သည့် Facebook လူမှုကွန်ရက်တွင် follower ၁၆ သန်းကျော်အထိ ပိုင်ဆိုင်ထားသော ဆရာဝန်တစ်ဦးဖြစ်သူ ဒုသမ္မတလောင်း နေရာဝင်ရောက်အရွေးခံမည့် Willie Ong နှင့်အတူ ရွေးကောက်ပွဲကော်မရှင်ထံ ၎င်းတို့၏ သမ္မတလောင်းအမည်စာရင်းတင်သွင်းမှုကို သွားရောက် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဖိလစ်ပိုင်မြို့တော်ဝန်သည် ပါတီဥက္ကဌအဖြစ် ၎င်းတာဝန်ယူဆောင်ရွက်နေသည့် Aksyon Demokratiko ပါတီအောက်တွင် သမ္မတလောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ Pulse Asia သုတေသနအဖွဲ့၏ မကြာသေးမီက ကောက်ယူခဲ့သော စစ်တမ်းတစ်ခုအရ သမ္မတလောင်း “ ဖြစ်နိုင်ခြေ”
တစ်ခုအဖြစ် ဒိုမတ်ဂိုဆိုအတွက် ဖိလစ်ပိုင်လူထု ထောက်ခံမှု ၁၃ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။(Xinhua)

——————————————
(English Version)

Manila mayor officially joins Philippine presidential race

MANILA, Oct. 4 (Xinhua) — Manila Mayor Francisco Domagoso on Monday filed his certificate of candidacy to run for the next president of the Philippines in the May 2022 elections.
Domagoso, 46, popularly known by his celebrity nickname Isko Moreno, and his running-mate Willie Ong, a doctor with more than 16 million followers on Facebook, filed their certificates of candidacy at the Commission on Elections.

The mayor of the Philippine capital will run under the political party Aksyon Demokratiko, of which he is the president.
According to a recent survey published by Pulse Asia, 13 percent of the Filipino respondents expressed support for Domagoso as a “probable” presidential candidate. Enditem
Photo- Manila City Mayor Francisco Domagoso