Connect with us

Asia

မန်နီ ပက်ကွီယိုက ၂၀၂၂ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ သမ္မတနေရာဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာ

မနီလာ၊ ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့လက်ဝှေ့ချန်ပီယံနှင့် ဖိလစ်ပိုင်နိုင်ငံ ဆီးနိတ်လွှတ်တော်အမတ် မန်နီ ပတ်ကွီယို (Manny Pacquiao) က ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်တွင် ကြေညာလိုက်သည်။အသက် ၄၂ နှစ်အရွယ် ပက်ကွီယိုက လွှတ်တော်အမတ် Aquilino Pimentel ဦးဆောင်သော PDP-Laban faction ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခြင်းကို တရားဝင်လက်ခံကြောင်း ပြောကြားခဲ့သည်။

“ခေါင်းဆောင်မှုပိုင်း စိန်ခေါ်မှုမြှင့်တင်ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းကဆိုသည်။ “ပေါင်းစည်းခြင်း၊ သနားကြင်နာခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်း” နှင့်အတူ ဖိလစ်ပိုင်နိုင်ငံကို ဦးဆောင်သွားရန် ကတိပြုလျက် PDP-Laban faction ပါတီ၏ အမျိုးသားအစည်းအဝေးတွင် အမည်စာရင်းတင်သွင်းခြင်း မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ပက်ကွီယို၏ ကြေညာချက်သည် သမ္မတလောင်းနှင့် ဒုတိယသမ္မတလောင်းအဖြစ် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်မည့် ဆီနိတ်တာ Christopher Go နှင့် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) တို့အား ထောက်ခံထားသည့် PDP-Laban အုပ်စု ကို စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။

ဒူတာတေး၏အုပ်စုက ယခုလအစောပိုင်း၌ ကျင်းပခဲ့သော PDP-Laban ၏ နောက်ထပ် အမျိုးသားကွန်ဗင်းရှင်းတွင် ဖိလစ်ပိုင် သမ္မတ အမည်စာရင်းတင်သွင်းခြင်းကို လက်ခံခဲ့သော်လည်း ၎င်း၏ ကာလရှည်အားပေးကူညီပေးသူ Go ကမူ ငြင်းဆိုထားကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလက်မှတ်များကို အောက်တိုဘာလတွင် တရားဝင်တင်သွင်းရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကို ၂၀၂၂ ခုနှစ် မေ ၉ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————
(English Version)

Manny Pacquiao declares bid to run for Philippine president in 2022

MANILA, Sept. 19 (Xinhua) — World boxing champion and Philippine senator Manny Pacquiao announced on Sunday that he will run for president of the Philippines in the 2022 elections.
Pacquiao, 42, said he officially accepted the nomination to be the standard-bearer of the PDP-Laban faction led by Senator Aquilino Pimentel.

“We are ready to rise to the challenge of leadership,” he said during the nomination speech at the PDP-Laban faction’s national assembly, vowing to lead the Southeast Asian country with “integrity, compassion, and transparency.”

Pacquiao’s declaration challenged the other PDP-Laban faction, which endorsed Senator Christopher Go and Philippine President Rodrigo Duterte as their presidential and vice-presidential candidates, respectively.

At another PDP-Laban’s national convention held earlier this month by Duterte’s faction, the Philippine president has accepted the nomination, while Go, his long-time aid, declined.
Candidates for the 2022 elections will officially file their certificate of candidacy in October. The elections will be held on May 9, 2022. Enditem
Photo : Manny Pacquiao of the Philippines celebrates after defeated Lucas Matthysse of Argentina for world welterweight champion title in Kuala Lumpur, Malaysia, July 15, 2018. Manny Pacquiao won Lucas Matthysse by technical knockout (TKO). (Xinhua/Chong Voon Chung)