Connect with us

Asia

မလေးရှားတွင် တစ်ရက်တည်း ကိုဗစ်လူနာ ၁၇,၀၄၅ ဦး စံချိန်တင်တွေ့ရှိ ၊ အတည်ပြုလူနာပေါင်း တစ်သန်းကျော်ထိ ရောက်ရှိလာ

မလေးရှားနိုင်ငံ ပီထရိုနက်စ် အမြွှာမျှော်စင်ရှေ့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာနေသူများ အားတွေ့ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် COVID-19 ကပ်ရောဂါ စတင်ပြန့်နှံ့ချိန်ကတည်းက တစ်ရက်တည်း အတည်ပြုလူနာအမြင့်ဆုံးစံချိန်တင် အရေအတွက်ဖြင့် လူနာပေါင်း ၁၇,၀၄၅ ဦး စစ်ဆေးတွေ့ရှိကြောင်း နှင့် နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း တစ်သန်းကျော် (၁,၀၁၃,၄၃၈ ဦး)ထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က အတည်ပြုလူနာသစ်များအနက် ၆ ဦးမှာ ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ကြပြီး ၁၇,၀၃၉ ဦးမှာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးသော စင်တာတစ်ခုတွင် ပြည်သူများ တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ကိုဗစ်ရောဂါဖြင့် ထပ်မံသေဆုံးသူ ၉၂ ဦးရှိခဲ့ရာ သေဆုံးသူစုစုပေါင်း ၇,၉၉၄ ဦးထိ ရောက်ရှိလာကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်၊။
ရောဂါသက်သာပျောက်ကင်း၍ နောက်ထပ် ဆေးရုံဆင်းခွင့်ရသူ ၉,၆၈၃ ဦးရှိခဲ့သဖြင့် မလေးရှားနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုဗစ်ရောဂါမှ ပြန်လည်သက်သာ၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၈၄၄,၅၄၁ ဦး သို့မဟုတ် အတည်ပြုလူနာအားလုံး၏ ၈၃.၃ ရာခိုင်နှုန်းထိ ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာ နေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နှာခေါင်းစည်းတပ်ဆင်သွားလာ နေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ ရောဂါဖြစ်ပွားဆဲလူနာပေါင်း ၁၆၀,၉၀၃ ဦးရှိနေပြီး ၎င်းတို့အနက် ၉၇၀ ဦးကို အရေးပေါ်ခန်းတွင် အထူးကြပ်မတ်ကုသမှုပေးထားကြောင်း နှင့် ယင်းတို့ထဲမှ ၅၀၁ ဦးမှာ အသက်ရှူကိရိယာအကူအညီလိုအပ်ကြောင်း သိရသည်။(Xinhua)

———————————————-
(English Version)

Malaysia sees fresh high of 17,045 daily COVID-19 cases, total passes 1-mln mark

KUALA LUMPUR, July 26 (Xinhua) — Malaysia reported 17,045 new COVID-19 infections in the highest daily spike since the outbreak, bringing the national total to 1,013,438, the health ministry said Sunday.

Health Ministry Director-General Noor Hisham Abdullah said in a press statement that six of the new cases are imported and 17,039 are local transmissions.
Another 92 deaths were reported, pushing the death toll to 7,994.

Some 9,683 more patients were released after recovery, bringing the total cured and discharged to 844,541, or 83.3 percent of all cases.
Of the remaining 160,903 active cases, 970 are being held in intensive care units and 501 of those are in need of assisted breathing. ■