Connect with us

ASEAN

မလေးရှားနိုင်ငံ၌ တစ်ရက်တည်း COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက် အမြင့်ဆုံးဖြစ် ၊ လူနာသစ် ၁၈,၆၈၈ ဦး စစ်ဆေးတွေ့ရှိ

မလေးရှားနိုင်ငံ Selangor ပြည်နယ် Carey ကျွန်းပေါ်တွင် ရွေ့လျားကာကွယ်ဆေးထိုးနှံပေးသည့် ယာဉ်တစ်စီးပေါ်၌ ဇူလိုင် ၂၅ ရက်တွင် ဒေသခံတစ်ဦးက COVID-19 ကာကွယ်ဆေး ထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ၌ COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် ဩဂုတ် ၈ ရက်က တစ်ရက်တည်း ၃၆၀ ဦးဖြင့် အမြင့်ဆုံးစံချိန်တင် အရေအတွက် ရှိခဲ့ပြီး ယခုအခါ သေဆုံးသူ စုစုပေါင်း ၁၀,၇၄၉ ဦး ထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။COVID-19 ရောဂါ ကူးစက်ခံရသူ လူနာသစ် ၁၈,၆၈၈ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၀ ဦးမှာ ပြည်ပမှ ဝင်ရောက်သူများ ဖြစ်ကြောင်း နှင့် ၁၈,၆၇၈ ဦးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်ကြောင်း ၊ နိုင်ငံအတွင်း အတည်ပြုလူနာပေါင်း ၁,၂၆၂,၅၄၀ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

လူနာ ၁၇,၀၅၅ ဦးမှာ ပြန်လည်သက်သာကောင်းမွန်လာပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီး ကုသပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁,၀၂၆,၃၉၈ ဦး သို့မဟုတ် ရောဂါဖြစ်ပွားမှုအားလုံး၏ ၈၁ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ရောဂါဖြစ်ပွားနေဆဲ ကျန်ရှိလူနာ ၂၂၅,၃၉၃ ဦးတွင် ၁,၀၉၅ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသလျက် ရှိနေပြီး ၎င်းတို့အနက် ၅၇၁ ဦးမှာ အသက်ရှူစက် အကူအညီ လိုအပ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Muhyiddin Yassin က နိုင်ငံအတွင်း ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားသူများအတွက် ကန့်သတ်ချက်အချို့အား ရုတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ ရုတ်သိမ်းလိုက်သည့် ကန့်သတ်ချက်အချို့တွင် ဆိုင်ထိုင်စားသောက်ခြင်း ၊ ထိတွေ့ဆက်ဆံမှုမရှိသော အားကစားလှုပ်ရှားမှုအချို့ ၊ ခရိုင်တွင်း ခရီးသွားလာမှုတို့ အပါအဝင် စသည်တို့ကို ခွင့်ပြုပေးခဲ့ပြီး နိုင်ငံရပ်ခြားမှ ပြန်လာသော မလေးရှားနိုင်ငံသားများ နှင့် နိုင်ငံသားမဟုတ်သူများသည် နေအိမ်၌ Quarantine ပြုလုပ်ရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ (Xinhua)

———————————————–
(English Version)
Malaysia reports highest daily COVID-19 death toll, 18,688 new infections

KUALA LUMPUR, Aug. 8 (Xinhua) — Malaysia recorded a fresh high of 360 single-day death toll from COVID-19 on Sunday, bringing the total deaths to 10,749, according to the Health Ministry.
Health Ministry Director-General Noor Hisham Abdullah said in a press statement that another 18,688 new COVID-19 infections were reported, of which 10 are imported and 18,678 are local transmissions, bringing the national total to 1,262,540.

Some 17,055 patients have been released after recovery, bringing the total number of cured and discharged to 1,026,398 or 81.3 percent of all cases.
Of the remaining 225,393 active cases, 1,095 are being held in intensive care units and 571 of those are in need of assisted breathing.

Separately, Prime Minister Muhyiddin Yassin announced the lifting of certain restrictions for those who are fully vaccinated for parts of the country.
These include being allowed to dine in, certain non-contact sporting activities, inter-district travel, and Malaysian citizens and non-citizens returning from overseas will be allowed to home quarantine, he said in a televised speech. Enditem

Photo – A local resident receives a dose of COVID-19 vaccine on a mobile vaccination bus on Carey Island of Selangor State, Malaysia, July 25, 2021. (Photo by Chong Voon Chung/Xinhua)