Connect with us

Asia

မလေးရှားနိုင်ငံ၌ အဝေးပြေးလမ်းမတော်တဆမှုတွင် လူ ၁၀ ဦးသေဆုံး

မလေးရှားနိုင်ငံတောင်ပိုင်း Johor ပြည်နယ်၊ Parit Jawa ရှိ ဆိပ်ခံတံတားတစ်ခု၌ လူနာတင်ယာဉ်တစ်စီး စောင့်ဆိုင်းနေသည်ကို ၂၀၁၈ ခုနှစ်၊ မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်တွင် ဒီဇင်ဘာ ၁၇ ရက် နှောင်းပိုင်းက အဝေးပြေးလမ်း မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ ကလေး ၈ ဦးအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ တိမ်းမှောက်မှုတွင် ကားသုံးစီးနှင့် နောက်တွဲလော်ရီကားတစ်စီးတို့ ပါဝင်ခဲ့ကြောင်း ဆီလန်ဂေါ မီးသတ်နှင့် ကယ်ဆယ်ရေးဌာန ညွှန်ကြားရေးမှူး နိုရာဇမ် ခါမီစ်က ပြောကြားပြီး အဆိုပါဌာနမှ ည ၁၁ နာရီ ၄၂ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၅၄၂)တွင် အရေးပေါ်ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိခဲ့ကြောင်း သိရသည်။

“မတော်တဆမှုမှာ နစ်နာသူ ၁၇ ဦး ပါဝင်ပြီး ၁၀ ဦး သေဆုံးတယ်လို့ အတည်ပြုထားပါတယ်။ သေဆုံးသူတွေကတော့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျန်တဲ့ရှစ်ဦးက ကလေးငယ်တွေဖြစ်ပြီး ယောက်ျားလေးငါးဦးနှင့် မိန်းကလေး သုံးဦးဖြစ်ပါတယ်’’ ဟု ၎င်းတာဝန်ရှိသူကပြောသည်။

ကယ်ဆယ်ရေးအဖွဲ့သည် ကြေမွနေသော နောက်တွဲယာဉ်ပေါ်မှ သေဆုံးသူများကို ဆွဲထုတ်ရန် ကရိန်းယာဉ်ကို အသုံးပြုခဲ့ရကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
10 killed in Malaysian highway accident
KUALA LUMPUR, Dec. 18 (Xinhua) — Ten people, including eight children, were killed in a highway accident in Selangor state of Malaysia late on Friday, authorities said.
The accident involved three cars and a trailer lorry, said Selangor Fire and Rescue Department Director Norazam Khamis in a statement, adding that the department received a distress call at 11:42 p.m. (1542 GMT).
“The accident involved 17 victims, 10 of whom were confirmed dead. The dead were a man and a woman, while the other eight victims were children, comprising five boys and three girls,” he said.
The rescue team had to use a crane to lift the trailer off the car it crushed to take out the victims. Enditem