Connect with us

Asia

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် လွှတ်တော်တွင် အများစုထောက်ခံမှု ဆုံးရှုံးပြီးနောက် ရာထူးမှနုတ်ထွက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမျိုးသား နန်းတော်သို့ ရောက်ရှိလာသော ဝန်ကြီးချုပ် မူယီဒင်ယာဆင်အား ဩဂုတ် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မူယီဒင် ယာဆင် (Muhyiddin Yassin) သည် အောက်လွှတ်တော်တွင် အများစုထောက်ခံမှု ဆုံးရှုံးပြီးနောက် ဩဂုတ် ၁၆ ရက်၌ ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မူယီဒင်ယာဆင် လိုက်ပါလာသော ယာဉ်တန်း ကွာလာလမ်ပူမြို့ရှိ အမျိုးသား နန်းတော်သို့ ရောက်ရှိလာသည်ကို ဩဂုတ် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မူယီဒင်ယာဆင် လိုက်ပါလာသော ယာဉ်တန်း ကွာလာလမ်ပူမြို့ရှိ အမျိုးသား နန်းတော်မှ ထွက်ခွာသွားသည်ကို ဩဂုတ် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမျိုးသား နန်းတော် အပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး စောင့်ကြပ်နေသည်ကို ဩဂုတ် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမျိုးသား နန်းတော် အပြင်ဘက်၌ သတင်းထောက်များအား ဩဂုတ် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမျိုးသား နန်းတော်အား ဩဂုတ် ၁၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မူယီဒင်က ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့သည် လွှတ်တော်အမတ် အများစု၏ ထောက်ခံမှုမရရှိတော့သဖြင့် ဖက်ဒရယ် အခြေခံဥပဒေအရ ရာထူးမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ရုပ်သံမိန့်ခွန်း၌ ပြောကြားခဲ့သည်။

မူယီဒင်က လွှတ်တော်အတွင်း ၎င်းအားထောက်ခံမှုကို ကနဦးစမ်းသပ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏ ညွန့်ပေါင်းအဖွဲ့မှ လွှတ်တော်အမတ်များစွာ၏ ထောက်ခံမှု ရုပ်သိမ်းခြင်းနှင့် အတိုက်အခံဘက်မှ နိုင်ငံရေးပါတီများပူးပေါင်းဆောင်ရွက်မှု ပယ်ချခြင်းများက ၎င်းအား အခြားနည်းလမ်းမရှိတော့ဘဲ ရာထူးမှထွက်ခွာစေခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“လွှတ်တော်အတွင်း အများစု ထောက်ခံမှု ဆုံးရှုံးခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်ရဲ့ တရားဝင်မှုကို ဝန်ကြီးချုပ်အဖြစ် လွတ်တော်မှာ ဆုံးဖြတ်ဖို့ မလိုအပ်တော့ပါဘူး” ဟု မလေးရှားနိုင်ငံ ဘုရင် ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမတ်ရှာ (Sultan Abdullah Sultan Ahmad Shah) နှင့် တွေ့ဆုံပြီးနောက် မူယီဒင်က ပြောခဲ့သည်။

ဆူလ်တန် အဗ္ဗဒူလာကလည်း မူယီဒင်၏ နုတ်ထွက်မှုအား လက်ခံခဲ့သည်ဟု အမျိုးသား နန်းတော်က အတည်ပြုထားကြောင်း သီးခြားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“မူယီဒင်ယာဆင်ရဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ တစ်ခုလုံးရဲ့ ရာထူးမှ နုတ်ထွက်စာကို ဘုရင်က လက်ခံခဲ့ပြီး ဒီကနေ့ (ဩဂုတ် ၁၆ ရက်) ကနေ ချက်ချင်းအသက်ဝင်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး မူယီဒင်သည် ၎င်း၏နေရာအားဆက်ခံမည့် သင့်လျော်သော နေရာအစားထိုးမှုမရရှိမီအထိ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၏ အခြေခံဥပဒေအရ နိုင်ငံ၏ အကြီးအကဲ ဘုရင်သည် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်အမတ် တစ်ဦးအား ခန့်အပ်တာဝန်ပေးမည်ဖြစ်သည်။

မူယီဒင်သည် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် (Mahathir Mohamad) ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားပြီးနောက် ၂၀၂၀ ပြည့်နှစ် မတ်လက ဝန်ကြီးချုပ် ဖြစ်လာခဲ့ကြောင်း၊ သို့ရာတွင် ၎င်းသည် လွှတ်တော်အတွင်း အများစုထောက်ခံမှု အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Malaysian PM resigns after losing majority support in parliament
KUALA LUMPUR, Aug. 16 (Xinhua) — Malaysian Prime Minister Muhyiddin Yassin announced his resignation on Monday after losing majority support in the lower house of parliament.
In a televised speech, Muhyiddin said he and his cabinet had resigned as demanded by the federal constitution as he no longer enjoyed the support of the majority of members of parliament (MPs).
He explained that although he had initially sought to test his support in the parliament, the withdrawal of support by a dozen of MPs from his own coalition and the rejection of cross-party cooperation by the opposition had left him with no alternative.
“With that, I have lost the support of the majority. So, there is no need for my legitimacy as prime minister to be determined in the parliament,” he said following a meeting with Malaysia’s King Sultan Abdullah Sultan Ahmad Shah.
In a separate announcement, the National Palace confirmed that Sultan Abdullah has accepted Muhyiddin’s resignation.
“His majesty accepted the letter of resignation from the most honorable Muhyiddin Yassin as prime minister and the posts of the entire cabinet with immediate effect today (Monday),” said the statement, adding that Muhyiddin would continue as a caretaker prime minister until a suitable replacement is determined.
According to Malaysia’s constitution, the king, as the country’s supreme head of state, appoints a parliament member as the prime minister.
Muhyiddin became the prime minister in March last year following the abrupt resignation of former Prime Minister Mahathir Mohamad, but he has been holding on to power with a slim majority in the parliament. Enditem

1- (210816) — KUALA LUMPUR, Aug. 16, 2021 (Xinhua) — Malaysian Prime Minister Muhyiddin Yassin waves as he arrives at the National Palace in Kuala Lumpur, Malaysia, Aug. 16, 2021. The Malaysian cabinet led by Prime Minister Muhyiddin Yassin has tendered resignation to the country’s King Sultan Abdullah Sultan Ahmad Shah, a minister said Monday. (Photo by Chong Voon Chung/Xinhua)
2- (210816) — KUALA LUMPUR, Aug. 16, 2021 (Xinhua) — A convoy carrying Malaysian Prime Minister Muhyiddin Yassin arrives at the National Palace in Kuala Lumpur, Malaysia, Aug. 16, 2021. The Malaysian cabinet led by Prime Minister Muhyiddin Yassin has tendered resignation to the country’s King Sultan Abdullah Sultan Ahmad Shah, a minister said Monday. (Photo by Chong Voon Chung/Xinhua)

3 – (210816) — KUALA LUMPUR, Aug. 16, 2021 (Xinhua) — A convoy carrying Malaysian Prime Minister Muhyiddin Yassin leaves the National Palace in Kuala Lumpur, Malaysia, Aug. 16, 2021. The Malaysian cabinet led by Prime Minister Muhyiddin Yassin has tendered resignation to the country’s King Sultan Abdullah Sultan Ahmad Shah, a minister said Monday. (Photo by Chong Voon Chung/Xinhua)

4- (210816) — KUALA LUMPUR, Aug. 16, 2021 (Xinhua) — A policeman stands guard outside the National Palace in Kuala Lumpur, Malaysia, on Aug. 16, 2021. Malaysian King Sultan Abdullah Sultan Ahmad Shah has accepted the resignation tendered by Prime Minister Muhyiddin Yassin and his cabinet, the national palace said on Monday. (Photo by Chong Voon Chung/Xinhua)
5- (210816) — KUALA LUMPUR, Aug. 16, 2021 (Xinhua) — Reporters work outside the National Palace in Kuala Lumpur, Malaysia, on Aug. 16, 2021. Malaysian King Sultan Abdullah Sultan Ahmad Shah has accepted the resignation tendered by Prime Minister Muhyiddin Yassin and his cabinet, the national palace said on Monday. (Photo by Chong Voon Chung/Xinhua)
6- (210816) — KUALA LUMPUR, Aug. 16, 2021 (Xinhua) — Photo taken on Aug. 16, 2021 shows the National Palace in Kuala Lumpur, Malaysia. Malaysian King Sultan Abdullah Sultan Ahmad Shah has accepted the resignation tendered by Prime Minister Muhyiddin Yassin and his cabinet, the national palace said on Monday. (Photo by Chong Voon Chung/Xinhua)