Connect with us

COVID-19 UPDATES

မာလီနိုင်ငံနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၄၁၃ ဦးကို ကုလသမဂ္ဂငြိမ်းချမ်းရေး ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

စိန်ရန် ၊ မေ ၃၀ ရက်(ဆင်ဟွာ)

မာလီနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ၈ ဖွဲ့မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် ၄၁၃ ဦးစလုံးကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများတွင် ၎င်းတို့၏ ထူးချွန်သောပံ့ပိုးလုပ်ဆောင်မှုများအပေါ် အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံရကြောင်း သိရသည်။

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စေလွှတ်ခြင်းခံရချိန်မှ စတင်၍ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များသည် မာလီနိုင်ငံ၌ လက်နက်ကိုင်ကင်းလှည့်ခြင်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းများ နှင့် ဆေးကုသမှုများ အပါအဝင် ကုလသမဂ္ဂ နယ်ပယ်စုံဘက်ပေါင်းစုံတည်ငြိမ်ရေးမစ်ရှင်က ပေးအပ်ထားသော တာဝန်များစွာကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

မာလီနိုင်ငံသို့ သွားရောက်ခဲ့သည့် ၈ ဖွဲ့မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့တွင် အစောင့်တပ်ဖွဲ့ ၊ အင်ဂျင်နီယာတပ်ဖွဲ့ နှင့် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကြောင့် ဆုတံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကို တပ်ဖွဲ့သုံးဖွဲ့ စခန်းချရာနေရာများ၌ သီးခြားစီခွဲ၍ အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
413 Chinese peacekeepers to Mali awarded UN Peace Medal of Honor
SHENYANG, May 29 (Xinhua) — All 413 members of the eighth Chinese peacekeeping force to Mali have been awarded the United Nations Peace Medal of Honor, in recognition of their outstanding contributions to peacekeeping operations.
Since its deployment in July 2020, the Chinese peacekeeping force has successfully accomplished a series of missions assigned by the United Nations Multidimensional Integrated Stabilization Mission in Mali, including armed patrols, constructions and medical support.
The eighth Chinese peacekeeping force to Mali consists of a guard detachment, an engineer detachment and a medical detachment.
The medal award ceremony was held at the camps of the three detachments separately due to concerns over the COVID-19 pandemic. Enditem