Connect with us

Media

မော်တော်ယာဉ်များ အတက်၊ အဆင်းပြုလုပ်နိုင်ပြီး ရဟတ်ယာဉ်ကွင်းပါဝင်သည့် ဇိမ်ခံ သင်္ဘောကြီးကို ဒိန်းမတ်နိုင်ငံအတွက် တရုတ်နိုင်ငံ တည်ဆောက်

ကွမ်ကျိုး၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Guangzhou Shipyard International Company Limited က မော်တော်ယာဉ်များ အတက်၊ အဆင်းပြုလုပ်နိုင်သော “ro-ro ship” အမျိုးအစား ဇိမ်ခံသင်္ဘောကြီးတစ်စင်း အားတည်ဆောက်ပြီးစီးပြီဟု ကြေညာခဲ့သည်။

ကုမ္ပဏီ၏အဆိုအရ သင်္ဘောကြီးကို ဒိန်းမတ်နိုင်ငံသို့ မကြာမီ မောင်းနှင် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်္ဘောမှာ အရှည် ၂၃၀ မီတာရှိပြီး ၃၁ မီတာအကျယ်ရှိကာ စုစုပေါင်းအလေးချိန်မှာ တန်ချိန်ပေါင်း ၁၁,၉၅၀ ခန့်ရှိကြောင်းသိရသည်။

သင်္ဘောတွင် ဧည့်ခန်းပေါင်း ၃၀၀ ကျော်ပါဝင်ပြီး ခရီးသည်ပေါင်း ၆၀၀ ကျော်ကို တင်ဆောင်နိုင်သည်။

ထို့အပြင် မီတာပေါင်း ၄,၅၀၀ ရှိသည့် လမ်းများကိုလည်းဖန်တီးထားရာ ထရပ်ကားပေါင်း ၂၇၁ စီး ရပ်နားထားနိုင်သည်။

သင်္ဘောပေါ်တွင် အပန်းဖြေဝန်ဆောင်မှုအများအပြားကိုလည်း ထည့်သွင်းထားပြီး ခရီးသည်များ အပန်းဖြေနိုင်မည့် နေရာများ ကျယ်ဝန်းစွာဖန်တီးပေးထားသည်ဟု သိရသည်။

နောက်ဆုံးပေါ်နည်းပညာများစွာ ထည့်သွင်းထားသည့်အတွက် ထိုသင်္ဘော၏ အလုံးစုံ ဝန်ဆောင်မှုကဏ္ဍမှာ ကမ္ဘာ့ထိပ်တန်းအဆင့်များအထိရောက်ရှိခဲ့ပြီဖြစ်ကြောင်း သင်္ဘော၏ နည်းပညာမန်နေဂျာဖြစ်သူ ယန်လီကျွမ်းက ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)

……………………………….

(English Version)

GLOBALink | China-made “ro-ro” ship to set sail for Denmark

 

GUANGZHOU, Dec. 16 (Xinhua) — A China-made luxury “ro-ro” (roll-on/roll-off) ship has been completed, according to its developer Guangzhou Shipyard International Company Limited.

The ship, which is to be exported to Denmark, will set sail soon, the company said.

The ship is 230 meters long and 31 meters wide with a deadweight of approximately 11,950 tonnes. It is equipped with over 300 guest rooms able to accommodate a total of 600 passengers, and it has 4,500 meters of lanes that can facilitate 271 parked trucks.

It is also equipped with various entertainment facilities and large areas for passengers to relax.

Developed with many cutting-edge technologies, the ship’s overall performance has reached world-leading levels, said Yan Lijun, technical manager of the ship.

 

Produced by Xinhua Global Service