Connect with us

Asia

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးအား တာဝန်ပေး ခန့်အပ်သွားမည်ဟု ကမ္ဘောဒီးယားပြော

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) က နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn အား မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

Sokhonn သည် လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သော ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan bin Pehin Yusof ၏ နေရာတွင်ဆက်ခံသွားမည်ဖြစ်သည်။

“ အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူ Prak Sokhonn ကိုခန့်အပ်မယ့်အကြောင်း ကျွန်တော်အတည်ပြုပါတယ်” ဟု ဖနွမ်းပင်မြို့ရှိ ဇိမ်ခံဟိုတယ်တစ်လုံး ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ် ဟွန်ဆန်က ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီထောက်ပံ့ပေးရန် နှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွန်အတွက် အာဆီယံခေါင်းဆောင်များ၏ ဧပြီလတွင် ချမှတ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်သွားရေးကို အဆိုပါ အထူးကိုယ်စားလှယ်က လုပ်ဆောင်သွားရမည်ဖြစ်သည်။

ထို့ပြင် ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းသည် လာမည့် ဇန်နဝါရီ ၇ ရက် မှ ၈ ရက်အထိ မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် စည်းလုံးညီညွတ်သောမိသားစုတစ်ခုအဖြစ် အာဆီယံကိုမြှင့်တင်သွားရန် အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ မြန်မာ ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။(Xinhua)

———————————-
(English Version)
Cambodia to appoint foreign minister as ASEAN chair’s new envoy to Myanmar
2021-12-15 14:01:04
PHNOM PENH, Dec. 15 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen said Wednesday that he would name the country’s Foreign Minister Prak Sokhonn as the ASEAN chair’s new special envoy to Myanmar.
Cambodia will be the chair of the Association of Southeast Asian Nations (ASEAN) for 2022.
Sokhonn will succeed the bloc’s current ASEAN special envoy, Brunei’s Second Foreign Minister Erywan bin Pehin Yusof.
“I’d like to confirm that I will appoint Deputy Prime Minister and Foreign Minister Prak Sokhonn as the ASEAN chair’s special envoy,” Hun Sen said in a speech during the inauguration ceremony of a luxury hotel in Phnom Penh.
The special envoy has been assigned to enforce the implementation of the five-point consensus on Myanmar reached in April by ASEAN leaders, to facilitate mediation of the dialogue process, and to provide humanitarian aid to Myanmar.
Meanwhile, Hun Sen said he will visit Myanmar on Jan. 7 and 8. He said as the ASEAN chair in 2022, Cambodia will do its best to promote ASEAN as a united family.
ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, Philippines, Singapore, Thailand and Vietnam. Enditem
(211102) — PHNOM PENH, Nov. 2, 2021 (Xinhua) — Cambodian Prime Minister Samdech Techo Hun Sen speaks at the launching ceremony of a COVID-19 vaccination drive for children aged five Nov. 1, 2021 in Phnom Penh. Cambodia on Monday began to vaccinate five-year-old children with China’s Sinovac COVID-19 vaccine as the vaccination for the population aged six and older was completed, Hun Sen said. (Photo by Sovannara/Xinhua)