Connect with us

North America

မြောက်ကယ်လီဖိုးနီးယားမြို့တွင် တောမီးကြောင့် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိ

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ ၁,၂၀၀ ခန့်နေထိုင်သော အယ်လ်ဒိုရာဒိုကောင်တီရှိ မြို့တစ်မြို့လုံး တောမီးလောင်ကျွမ်းပြီးနောက် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။နံနက်ပိုင်းတွင် မီးသတ်သမားများက Grizzly Flats ဧရိယာမှ လူနှစ်ဦးအား ချဉ်းကပ်ကာ လေကြောင်းမှတစ်ဆင့် ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း Local KCRA 3 သတင်းချန်နယ်က ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက သတင်းဖော်ပြခဲ့သည်။

Grizzly Flats တွင် ဩဂုတ် ၁၄ ရက် အစောပိုင်းက စတင်လောင်ကျွမ်းခဲ့ပြီး ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဧက ၆,၅၀၀ အထိ ကူးစက်ပျံ့နှံ့ခဲ့သော Caldor မီးကြောင့် Grizzly Flats နှင့် အနီးဝန်းကျင် Somerset ဧရိယာရှိနေထိုင်သူများအားလုံးကို ထွက်ခွာကြရန် ဩဂုတ် ၁၇ ရက် နံနက်အစောပိုင်းက ညွှန်ကြားထားခဲ့သည်။ အဆိုပါ မြို့ငယ်နှစ်ခုတွင် လူဦးရေ ၁,၁၉၅ ဦးနှင့် ၃,၆၄၂ ဦးတို့ အသီးသီးနေထိုင်လျက်ရှိသည်။

နာရီများစွာကြာပြီးနောက် လူဦးရေ ၇,၀၀၀ ကျော်နေထိုင်လျက်ရှိသော Pollock Pines မြို့အပါအဝင် အနီးဝန်းကျင်ရှိ လူနေရပ်ကွက်များတွင်လည်း ရွှေ့ပြောင်းရန်အမိန့်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Grizzly Flats ဧရိယာတွင် မီးလောင်ကျွမ်းနေသည်ကို ပြသထားသည့် ရုပ်သံဖိုင်များကိုလည်း အွန်လိုင်းပေါ်၌ တင်ထားခဲ့သည်။ယင်းဒေသ၌ တောမီးလောင်မှုကြောင့် အဆောက်အအုံ ၂,၀၀၀ ခန့် ပျက်စီးနိုင်ကြောင်း၊ ပျက်စီးဆုံးရှုံးသော အဆောက်အအုံ ခန့်မှန်းချက်ကိုမူ မရရှိနိုင်သေးကြောင်း ကယ်လီဖိုးနီးယားပြည်နယ် သစ်တောနှင့် မီးဘေးကာကွယ်ရေးဦးစီးဌာန (Cal Fire) က ပြောကြားခဲ့သည်။ (Xinhua)

————————————————–
(English Version)

Two seriously injured after Northern California town destroyed by wildfire

LOS ANGELES, Aug. 17 (Xinhua) — Two people were seriously injured and hospitalized Tuesday after a wildfire burning in El Dorado County in California devastated an entire town with about 1,200 residents.

Local KCRA 3 news channel reported Tuesday afternoon that two people from the Grizzly Flats area approached firefighters in the morning and were transported by air to a local hospital.

All residents in the Grizzly Flats and nearby Somerset areas were ordered to leave early Tuesday morning due to the Caldor Fire which started on Saturday near Grizzly Flats and spread to 6,500 acres (26.2 square kilometers) with zero containment. There are 1,195 people and 3,642 people living in these two small towns respectively.

Hours later, evacuation orders were issued for more communities nearby, including part of Pollock Pines, a town with over 7,000 residents.

Video clips posted online showed that Grizzly Flats area was burned down by the blaze.Some 2,000 structures were threatened by the fire in the region, according to Cal Fire, who noted that an estimate of damaged and destroyed structures was not yet available. Enditem

Photo : LASSEN NATIONAL FOREST (U.S.), Aug. 6, 2021 (Xinhua) — Photo taken on Aug. 5, 2021 shows an area hit by a wildfire dubbed Dixie Fire in Lassen National Forest, Northern California, the United States. The Dixie Fire was at 432,813 acres (around 175,153 hectares) and 35 percent contained as of Friday morning, according to the California Department of Forestry and Fire Protection (Cal Fire). (Photo by Dong Xudong/Xinhua)