Connect with us

International Organizations

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော အရာကို ပစ်လွှတ်ဟု ဂျပန်အစိုးရပြော

မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအကယ်ဒမီက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် အသစ်တီထွင်ထုတ်လုပ်သော တာဝေးပစ်ခရုစ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်နေသည်ကို KNCA ၏ စက်တင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည့် ဓါတ်ပုံ၌ တွေ့ရစဉ်(ဓါတ်ပုံ-KCNA via Xinhua)

တိုကျို ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယား(DPRK) နိုင်ငံက ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသော အရာကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမျိုးအမည်မသိသော ဒုံးကျည်သည် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် အပြင်ဘက် ရေပြင်ထဲသို့ ကျရောက်ခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်သော ကြေညာချက်အရ မြောက်ကိုရီးယားနိုင်ငံကအမျိုးအမည်မသိသော ဒုံးကျည်အား ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၀ မိနစ်(တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် ၂၁၄၀)တွင် ကုန်းတွင်းပိုင်းတစ်နေရာမှ အရှေ့ဘက်ကမ်းလွန်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက ဂျပန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယာနိုင်ငံ၏ ပစ်လွှတ်မှုကို အနီးကပ် စောင့်ကြည့်ရန် အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် စက်တင်ဘာ ၁၅ ရက်က ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်း ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ကျရောက်ခဲ့ပြီးနောက် ထပ်မံပေါက်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါ ပဲ့ထိန်းဒုံးကျည်နှစ်စင်းသည် Noto ကျွန်းဆွယ် ရေပြင်ထဲသို့ မကျရောက်မီ အမြင့် ၅၀ ကီလိုမီတာခန့် ၊ အကွာအဝေး ၇၅၀ ကီလိုမီတာခန့်ထိ ပျံသန်းခဲ့ကြောင်း ဂျပန်နိုင်ငံ၏ သုံးသပ်ချက်များအရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁၅ ရက်တွင် ပစ်လွှတ်မှုသည် အကွာအဝေး ၈၀၀ ကီလိုမီတာသို့ ပစ်မှတ်ထား တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မီးရထားဖြင့်သယ်ဆောင်ပစ်ခတ်သည့် ဒုံးကျည်စနစ် စမ်းသပ်မှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
1st LD Writethru: DPRK fires what appears to be ballistic missile: Japanese gov’t
TOKYO, Sept. 28 (Xinhua) — The Democratic People’s Republic of Korea (DPRK) on Tuesday fired what appeared to be a ballistic missile, Japanese government officials said.
The unidentified projectile was believed to have splashed into waters outside of Japan’s exclusive economic zone, the Japanese government said.
According to South Korea’s military, the DPRK fired the unidentified projectile at around 6:40 a.m. local time (2140 GMT Monday) into the sea off its east coast from an inland location.
Japanese Prime Minister Yoshihide Suga said that Japan will step up surveillance following the DPRK launch.
The incident followed the DPRK launch of two ballistic missiles into waters within Japan’s exclusive economic zone on Sept. 15. The two missiles reached an altitude of about 50 km and flew around 750 km before splashing into waters off the Noto Peninsula, according to Japan’s analysis.
The DPRK has said the launch on Sept. 15 was a test of a railway-borne missile system with an objective to strike a target area 800 km away. Enditem
Photo – Combo photo provided by the Korean Central News Agency (KCNA) on Sept. 13, 2021 shows the test-launches of long-range cruise missiles in the Democratic People’s Republic of Korea (DPRK) on Sept. 11 and Sept. 12 respectively. (KCNA via Xinhua)