Connect with us

Asia

မြောက်ကိုရီးယားက ရထားပေါ်မှ ဒုံးကျည်ဖြင့် အကွာအဝေး ကီလိုမီတာ ၈၀၀ ကို စမ်းသပ်ပစ်လွှတ်

ပြုံးယမ်း ၊ စက်တင်ဘာ ၁၆ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)က ကီလိုမီတာ ၈၀၀ ဝေးသော ပစ်မှတ်နေရာကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ရထားပေါ်မှ ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။ယင်းစမ်းသပ်ပစ်ခတ်မှုသည် မီးရထားဖြင့်သယ်ဆောင်ပစ်ခတ်သည့် ဒုံးကျည်စနစ် ဖြစ်နိုင်ချေရှိမှုကို အတည်ပြုရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင် ခြင်းဖြစ်ကြောင်း ၊ အသစ်ဖွဲ့စည်းထားသော တပ်ရင်း၏ တိုက်ခိုက်ရေးအသင့်ရှိမှု နှင့် ပစ်ခတ်မှုစွမ်းရည် လုပ်နိုင်စွမ်းကို ရုတ်တရက် အကဲဖြတ်ခြင်း နှင့် အမှန်တကယ် စစ်ဖြစ်ပွားလျှင် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်မှု ရရှိစေရန်အတွက် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး နှင့် နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် Pak Jong Chon က ဒုံးကျည်တပ်ရင်း၏ စမ်းသပ်ပစ်ခတ်လေ့ကျင့်မှုအား လမ်းညွှန်ခဲ့ကြောင်း ဖော်ပြထားသည်။
မီးရထားပေါ်သယ်ဆောင်ပစ်ခတ်သည့် ဒုံးကျည်စနစ်သည် နိုင်ငံ၏ နေရာဒေသအသီးသီးတွင် ပစ်ခတ်မှုစွမ်းရည်ကို သီးခြားလုပ်ဆောင်ချက်များမှတစ်ဆင့် ခြိမ်းခြောက်နေသည့် အင်အားစုများအား ဘက်စုံတစ်ပြိုင်တည်း တုံ့ပြန်ထိုးနှက်ရေး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသည့် အစွမ်းထိရောက်သည့် တန်ပြန်တိုက်ခိုက်မှု အဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၅ ရက်က ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ် ခရုဇ်ဒုံးကျည်အား အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းစမ်းသပ်ပစ်ခတ်မှုကို ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး နှင့် နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် Pak Jong Chon တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

DPRK test-fires railway-borne missile with range of 800 km

PYONGYANG, Sept. 16 (Xinhua) — The Democratic People’s Republic of Korea (DPRK) launched a railway-borne missile Wednesday with a mission to strike the target area 800 km away, the official Korean Central News Agency reported Thursday.

“The test firing drill took place for the purpose of confirming the practicality of the railway-borne missile system deployed for action for the first time, of judging the combat readiness and capability of performing firepower duty of the newly-organized regiment all of a sudden and of attaining proficiency in the action procedures in case of fighting an actual war,” the report said.

Pak Jong Chon, member of the Presidium of the Political Bureau and secretary of the Central Committee of the Workers’ Party of Korea, guided the test firing drill of the missile regiment, it said.
Pak said the railway-borne missile system serves as an efficient counter-strike means capable of dealing a harsh multi-concurrent blow to the threat-posing forces through separate performances of firepower duty in different parts of the country.

Wednesday’s launch comes only days after the DPRK, as it said, successfully tested new type of long-range cruise missiles, which was also attended by Pak. Enditem