Connect with us

Asia

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်အားစမ်းသပ်ပစ်ခတ်

ပြုံယမ်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ သည် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အမျိုးအစားသစ်ကို အောက်တိုဘာ ၁၉ ရက်က အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း Korean Central သတင်းဌာနက အောက်တိုဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။အဆိုပါစမ်းသပ်ပစ်ခတ်မှုကို မြောက်ကိုရီးယားကာကွယ်ရေးသိပ္ပံအကယ်ဒမီမှ အောက်တိုဘာ ၁၉ ရက် နံနက်က ပြုလုပ်ခဲ့သည်ဟုသတင်းတွင်ဖော်ပြထားသည်။

“၎င်း SLBM ပဲ့ထိန်းဒုံးကျည် အသစ်ဟာ နိုင်ငံ၏ ကာကွယ်ရေးနည်းပညာ တိုးတက်မှုနဲ့ ရေတပ်၏ ရေအောက်စစ်ဆင်ရေးစွမ်းဆောင်ရည်များကို များစွာအထောက်အကူပြုလိမ့်မည်’’ သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် အဓိကရေငုပ်သင်္ဘောကျင်းတည်ရှိရာ Sinpo ဆိပ်ကမ်းမြို့အနီးတစ်ဝိုက်မှ SLBM ဟုယူဆရသော တာတိုပစ်ဒုံးကျည်တစ်စင်း ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဒုံးကျည်သည် ပင်လယ်ရေပြင်အထက် ၆၀ ကီလိုမီတာခန့်အထိနဲ့ အကွာအဝေး ၅၉၀ ကီလိုမီတာခန့်အထိ ရောက်ရှိနိုင်သည်ဟု တောင်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့ကြောင်း တောင်ကိုရီးယား Yonhap သတင်းဌာနတွင် ဖော်ပြထားသည်။

၎င်းသည် မြောက်ကိုရီးယားမှ ယခုနှစ်အတွင်း ရှစ်ကြိမ်မြောက် ဒုံးကျည် စမ်းသပ်ပစ်ခတ်ခြင်းဖြစ်ကြောင်း Yonhap သတင်းဌာနမှဖော်ပြခဲ့သည်။ (Xinhua)

——————————————-
(English Version)

DPRK test-fires submarine-launched ballistic missile

PYONGYANG, Oct. 20 (Xinhua) — The Democratic People’s Republic of Korea (DPRK) “successfully” conducted the test-firing of a new type of submarine-launched ballistic missile (SLBM) on Tuesday, the official Korean Central News Agency reported on Wednesday.

The report said the test-launch was conducted by the DPRK’s Academy of Defence Science on Tuesday morning.
“The new SLBM will greatly contribute to our country’s defense technology advancement and the Navy’s underwater operational capabilities,” the report said.
South Korea’s military said Tuesday that Pyongyang fired a short-range missile believed to be an SLBM from the vicinity of Sinpo, where its main submarine shipyard is located, adding it flew about 590 kilometers at a top altitude of around 60 kilometers, according to a report of South Korean Yonhap news agency.
This is the eighth known major missile test by the DPRK so far this year, Yonhap reported. Enditem