Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်က စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန် စစ်ဘက်ဆိုင်ရာ အစည်းအဝေး ဦးဆောင်ပြုလုပ်

မြောက်ကိုရီးယားနိုင်ငံ၏ အသစ်တီထွင်ထားသော ဘက်စုံ ပစ်ခတ်နိုင်သည့် ဒုံးကျည်သစ်အား ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း စမ်းသပ်ပစ်လွှတ်စဉ်(KCNA/Handout via Xinhua)

ပြုံးယမ်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံမြှင့်တင်ရေး အရေးကြီးသော လုပ်ငန်းများကို ဆွေးနွေးရန် ဇွန် ၁၁ ရက်တွင် စစ်ဘက်ဆိုင်ရာအစည်းအဝေးတစ်ခုအား ဦးဆောင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံတော်ရေးရာကော်မရှင် ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားအလုပ်သမားများပါတီ(WPK) အထွေထွေအတွင်းရေးမှူး ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံ ၈ ကြိမ်မြောက် ဗဟိုစစ်ကော်မရှင်၏ ဒုတိယတိုးချဲ့အစည်းအဝေးတွင် သဘာပတိအဖြစ် တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်များ ၊ မြောက်ကိုရီးယားနိုင်ငံ စစ်တပ် နှင့် တပ်ဖွဲ့ဝင်များ ကွပ်ကွဲမှု တပ်မှူးများ နှင့် အခြားသက်ဆိုင်ရာဌာနများမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ပြုလုပ်သော မြောက်ကိုရီးယားနိုင်ငံ ၈ ကြိမ်မြောက် ပါတီညီလာခံအထိမ်းအမှတ် စစ်ရေးပြချီတက်မှု တစ်ခုအား တွေ့ရစဉ်(KCNA/Handout via Xinhua)

တိုးချဲ့အစည်းအဝေးတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေး စွမ်းရည် ထပ်မံမြှင့်တင်ရေးအတွက် အရေးကြီးသော လုပ်ငန်းစဉ် လေးရပ်အား ချမှတ်ခဲ့ကြောင်း ၊ ကိုရီးယားကျွန်းဆွယ်တစ်ဝှမ်း လျင်မြန်စွာ ပြောင်းလဲနေသော အခြေအနေများကြောင့် လိုအပ်သည်နှင့်အမျှ အမျိုးသားကာကွယ်ရေး ဘက်စုံလုပ်ငန်းတွင် သစ်လွင်သော အလှည့်အပြောင်းကို ယူဆောင်ခဲ့ပြီး တော်လှန်ရေး၏ အတွင်း ၊ အပြင် ပတ်ဝန်းကျင် နှင့် စည်းရုံးရေးဆိုင်ရာကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းဌာနက ဖော်ပြခဲ့သည်။

အစည်းအဝေးတွင် ကင်ဂျုံအန်က လက်ရှိအခြေအနေ နှင့် တပ်လုပ်ငန်းစဉ်၏ အခြေအနေမှန်ကို ဆန်းစစ်ခဲ့ပြီး အမြဲတမ်းဆွဲကိုင်ထားရမည့် မဟာဗျူဟာလုပ်ငန်းစဉ်များ နှင့် တပ်ဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် တပ်ဖွဲ့အဆင့်တွင် ဌာနအချို့မှ တာဝန်ရှိသူများ နှင့် တာဝန်ထမ်းဆောင်နေသည့် တပ်မှူးအချို့အား ရပ်စဲခြင်း ၊ ပြောင်းရွှေ့ခြင်း နှင့် အသစ်ခန့်အပ်ခြင်း ကိစ္စရပ်များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။ (Xinhua)

——————————————
(English Version)

DPRK leader chairs military meeting to enhance army’s fighting efficiency

PYONGYANG, June 12 (Xinhua) — Kim Jong Un, the top leader of the Democratic People’s Republic of Korea (DPRK), chaired a military meeting on Friday to discuss important tasks of further enhancing the fighting efficiency of the armed forces, the official Korean Central News Agency reported on Saturday.

Kim, general secretary of the Workers’ Party of Korea (WPK) and president of the State Affairs of DPRK, presided over the second enlarged meeting of the 8th Central Military Commission of the WPK, which was attended by members of the Central Military Commission, commanders of the services and corps commanders of the Korean People’s Army and other members of the relevant departments.

“The enlarged meeting set forth important tasks for further enhancing the fighting efficiency of the revolutionary armed forces and bringing about a fresh turn in the overall work of national defence as required by the recent fast-changing situation around the Korean peninsula and the internal and external environment of our revolution and discussed the organizational issue,” the report said.

At the meeting, Kim analyzed the prevailing situation and the real state of the work of the army and indicated the strategic tasks to be permanently held fast to and the ways to developing the armed forces, it said.

The meeting also dealt with organizational issues of dismissing, transferring and newly appointing some commanding officers of the services and those of some units at corps level, according to the report. ■

1.Photo provided by Korean Central News Agency (KCNA) on Aug. 25, 2019 shows the test-firing of newly developed super-large multiple rocket launcher of the Democratic People’s Republic of Korea (DPRK) on Aug. 24, 2019. (KCNA/Handout via Xinhua)

2.Photo provided by Korean Central News Agency (KCNA) on Jan. 15, 2021, shows a military parade commemorating the eighth party congress of the Democratic People’s Republic of Korea (DPRK) held in Pyongyang, the DPRK, Jan. 14, 2021. (KCNA/Handout via Xinhua)