Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ရေပြင်အတွင်းသို့ အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည် ၂ စင်းပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယားနိုင်ငံ ပြော

ဆိုးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံသည် အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။အမျိုးအမည်မသိသော ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား မြောက်ကိုရီးယားနိုင်ငံ အလယ်ပိုင်း ကုန်းတွင်းဒေသမှ အရှေ့ပင်လယ်ဆီသို့ ယနေ့ အစောပိုင်းက ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း JCS က သတင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအာဏာပိုင်များက နောက်ထပ် အသေးစိတ်အချက်အလက်များအား စိစစ်လျက်ရှိကြောင်း JCS က မှတ်ချက်ပြုခဲ့သည်။

တောင်ကိုရီးယား စစ်တပ်အနေဖြင့် အမေရိကန်နိုင်ငံနှင့် အသင့်အနေအထားရပ်တည်ချက်အပြည့်အဝ ထိန်းသိမ်းရန် အနီးကပ်ပူးပေါင်းဆောင်ရွက်နေစဉ် လုံခြုံရေးနှင့် စောင့်ကြည့်ရေးကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ခဲ့ကြောင်း JCS က ဆိုသည်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားနိုင်ငံက စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များတွင် တာဝေးပစ်ခရုစ်ဒုံးကျည် အမျိုးအစားသစ်များအား အောင်မြင်စွာစမ်းသပ်ပစ်လွှတ်ကြောင်း စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ (Xinhua)

———————————————-
(English Version)

S.Korea says DPRK fires 2 unidentified ballistic missiles into east waters

SEOUL, Sept. 15 (Xinhua) — The Democratic People’s Republic of Korea (DPRK) fired two unidentified ballistic missiles into eastern waters, South Korea’s Joint Chiefs of Staff (JCS) said Wednesday.
The JCS said in a statement that two unidentified ballistic missiles were launched earlier in the day from the DPRK’s central inland region towards the East Sea.
The intelligence authorities of South Korea and the United States were analyzing further details, the JCS noted.

The JCS said the South Korean military tightened guard and surveillance, while closely cooperating with the United States to maintain a full readiness posture.
The missile launch came just days after the DPRK said Monday that it successfully test-fired new type of long-range cruise missiles on Saturday and Sunday. Enditem
File photo provided by Korean Central News Agency (KCNA) on Feb. 13, 2017 shows a test firing of a surface-to-surface medium- and long-range ballistic missile Pukguksong-2 on Feb. 12, 2017. (Xinhua/KCNA)