Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိ ဒုံးကျည်အား အရှေ့ဘက်ရေပြင်အတွင်းသို့ ပစ်လွှတ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြောကြား

ဆိုးလ် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK)သည် အရှေ့ဘက်ရေပြင်အတွင်းသို့ အမျိုးအမည်မသိဒုံးကျည်တစ်စင်းအား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါဒုံးကျည်အား အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ခြင်း ဖြစ်ကြောင်း JCS က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ထပ်မံ၍ အသေးစိတ်အချက်အလက်များ ရည်ညွှန်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ယင်းမှာ မြောက်ကိုရီးယားနိုင်ငံ၏ ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ် ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သော ဒုံးကျည်တစ်စင်းအား ဇန်နဝါရီ ၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ပြီးခဲ့သည့်အပတ်တွင် ပြောကြားခဲ့သည်။(Xinhua)