Connect with us

International Organizations

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်က လက်နက်ခဲယမ်းစက်ရုံအား ကြည့်ရှုစစ်ဆေး

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်း၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၂၄-၂၇ အတွင်းကျင်းပသော စစ်ဘက်ဆိုင်ရာ တပ်မှူးများနှင့် နိုင်ငံရေး ကေဒါများအတွက် အလုပ်ရုံဆွေးနွေးပွဲတွင် ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) က သဘာပတိအဖြစ် ဆောင်ရွက်နေသည်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-- KCNA via Xinhua)

ပြုံယမ်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင် ကင်ဂျုံအန်း (Kim Jong Un) သည် အဓိကလက်နက်နည်းစနစ် ထုတ်လုပ်သည့် လက်နက်ခဲယမ်းစက်ရုံတစ်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီက ဇန်နဝါရီ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ဆေးနေစဉ်အတွင်း ကင်သည် စက်ရုံတွင် လတ်တလော နည်းပညာ ခေတ်မီတိုးတက်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များအကြောင်း အသေးစိတ်လေ့လာခဲ့ကြောင်းနှင့် စုပေါင်းတီထွင်ဆန်းသစ်မှုတွင် စက်ရုံ၏ ဦးဆောင်မှုအခန်းကဏ္ဍကို ချီးကျူးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းစက်ရုံသည် နိုင်ငံ၏ စစ်တပ်ခေတ်မီရေးနှင့် နိုင်ငံကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို နားလည်သဘောပေါက်ရေးနှင့် စက်ရုံအား နိုင်ငံ့ ကာကွယ်ရေးလုပ်ငန်း၏ ခေတ်မီသော အထင်ကရတစ်ခုအဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရန် ဝန်ထမ်းများအား တိုက်တွန်းရေးအတွက် အရေးပါသော နေရာနှင့် တာဝန်တစ်ခုအဖြစ် တည်ရှိကြောင်း ကင်က ဆိုသည်။ (Xinhua)

………………………………….
(English Version)
DPRK leader inspects munitions factory
PYONGYANG, Jan. 28 (Xinhua) — Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), inspected a munitions factory producing a major weapon system, the official Korean Central News Agency reported Friday.
During the inspection, Kim learned in detail about the recent modernization of technology and production processes at the factory, and praised its leading role in collective innovation, said the report.
He said the factory holds an important position and duty in modernizing the country’s armed forces and realizing the national defense development strategy, urging staff to continuously develop the factory into an iconic one symbolic of the modernity of the country’s defense industry. Enditem
Photo provided by the Korean Central News Agency (KCNA) on July 30, 2021 shows Kim Jong Un, top leader of the Democratic People’s Republic of Korea (DPRK), speaking while chairing a workshop for military commanders and political cadres in Pyongyang, DPRK, July 24-27.(KCNA via Xinhua)