Connect with us

Africa & Middle East

ယခုနှစ်အတွင်း ပဋိပက္ခများကြောင့် အာဖဂန် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ၆၃၄,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကုလအေဂျင်စီထုတ်ပြန်

ကဘူးလ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ်တွင် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် အာဖဂန် ပြည်သူ ၆၃၄,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (OCHA) က စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။စက်တင်ဘာ ၁၂ ရက်အထိ ပြည်သူ စုစုပေါင်း ၆၃၄,၈၀၀ ဦးသည် ပဋိပက္ခကြောင့် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး ယင်းအနက် တိမ်းရှောင်သူ ၂၈၂,၂၄၆ ဦးမှာ အကူအညီ ရရှိကြောင်း အေဂျင်စီက အစီရင်ခံစာ၌ ပြောကြားထားသည်။

ဩဂုတ်လလယ်ပိုင်းက အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန် သိမ်းပိုက်ချိန်မှစ၍ နိုင်ငံအတွင်း လုံခြုံရေးအခြေအနေ တည်ငြိမ်လျက်ရှိစဉ် ၎င်းအစီရင်ခံစာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အာဖဂန်ပြည်သူ ၂၈,၀၀၀ ကျော်သည် ယခုနှစ်စပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ခဲ့ရကြောင်း OCHA မှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အာဖဂန်နစ္စတန်နိုင်ငံတွင် အလုံးစုံစီးပွားရေးပြိုကျမှုဖြစ်နိုင်ခြေမှာ “အန္တရာယ်” ရှိကြောင်း စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့ပြီး ဂျီနီဗာမြို့တွင် အာဖဂန်နစ္စတန်၏ လူသားချင်းစာနာထောက်ထားမှု အခြေအနေဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေး၌ အရေးပေါ်လိုအပ်ချက် ရန်ပုံငွေပံ့ပိုးရန် မီးမောင်းထိုးပြခဲ့သည်။

ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံအတွက် ကယ်ဆယ်ရေးအလျင်အမြန်ဆောင်ရွက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံပေးအပ်ရန် စက်တင်ဘာ ၁၄ ရက်က ကတိပြုခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Over 634,000 Afghans displaced by conflicts this year: UN agency

KABUL, Sept. 16 (Xinhua) — More than 634,000 Afghans have been internally displaced by conflicts in 2021, the United Nations Office for the Coordination of Humanitarian Affairs (OCHA) in Afghanistan said Thursday.

A total of 634,800 people had been verified as having been displaced by conflicts as of Sept. 12, 2021, out of which 282,246 displaced people had received assistance, the agency said in a report.
The report came as the security situation in Afghanistan has remained stable since the Taliban’s takeover of the country in mid-August.

More than 28,000 Afghans have been also affected by natural disasters across Afghanistan starting this year, according to the figures provided by OCHA.
On Monday, UN Secretary-General Antonio Guterres said the possibility of a complete economic collapse in Afghanistan was “serious” and highlighted an urgent need for funding support at a high-level ministerial meeting on Afghanistan’s humanitarian situation in Geneva.

On Tuesday, the United Nations appealed to the countries pledging 1.2 billion U.S. dollars in relief for Afghanistan to take action quickly. Enditem

Photo taken on July 31, 2021 shows displaced people at a makeshift camp in Mazar-i-Sharif, capital of Balkh province, Afghanistan. (Photo by Kawa Basharat/Xinhua)