Connect with us

Media

ယမကာအတုပြုလုပ်ရန်အတွက် အီသိုင်းအယ်လ်ကိုဟော ၁၂,၀၀၀လီတာ ကို တူရကီရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံရဲတပ်ဖွဲ့က  ယမကာအတုပြုလုပ်ရာတွင်အသုံးပြုသည့် အီသိုင်းအယ်လ်ကိုဟော ၁၂,၀၀၀ လီတာနှင့် သံသယရှိသူနှစ်ဦးကို  အစ္စတန်ဘူလ်မြို့၌ အောက်တိုဘာ ၃၀ ရက်တွင်ဖမ်းဆီးခဲ့သည်။

Kucukcekmece ခရိုင် ၌ လူနှစ်ဦးသည် ပစ္စည်းများအား ဈေးကွက်တင်ရန်ပြင်ဆင်နေသည်ဟူသော သတင်းပေးပို့ချက်ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ဂိုထောင်တစ်ခုအတွင်းသို့ ရှာဖွေစစ်ဆေးမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံပိုင် Anadolu သတင်းဌာနကထုတ်ပြန်သည်။

ဖမ်းဆီးမှုများအတွင်း ရဲတပ်ဖွဲ့ဝင်များက မီသိုင်းအယ်လ်ကိုဟော လီတာ ၃ထောင်နှင့် ပလတ်စတစ်ဘူးခွံအလွတ်ပေါင်း ၁၀,၀၀၀ ဘူးနှင့်အတူ ယမကာအတုပြုလုပ်သည့် ကိရိယာပစ္စည်းအမျိုးမျိုးကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

၂၀၂၀ ပြည့်နှစ်အောက်တိုဘာလအတွင်း တူရကီနိုင်ငံရှိပြည်နယ်အသီးသီးတွင် တရားမဝင်တင်သွင်းသည့် အရက်များ သောက်သုံးမိရာမှ  လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

…………………….

(English Version)

Turkish police seize 12,000 liters ethyl alcohol used for making fake drinks

ISTANBUL, Oct. 30 (Xinhua) — Turkish police on Saturday seized 12,000 liters of ethyl alcohol used for making fake drinks in Istanbul and detained two suspects.

Acting upon a tip-off that two people have been preparing to put the substance on the market in the Kucukcekmece district, police teams launched an operation to a warehouse, the state-run Anadolu agency said.

During the raid, the police units also seized 3,000 liters of methyl alcohol, 10,000 empty plastic cans, and various equipment used to make fake drinks, Anadolu also noted.

In October 2020, more than 40 people died after consuming bootleg alcohol in several Turkish provinces.  Enditem