Connect with us

Europe

ယူကရိန်းကို ကျူးကျော်ရန် အစီအစဉ်မရှိဟု ရုရှားသံအမတ်ပြော

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vassily Nebenzia က ဇန်နဝါ ၃၁ ရက်တွင် နယူးယောက်မြို့ရှိ ကုလဌာနချုပ်၌ ယူကရိန်းအရေးဆိုင်ရာ လုံခြုံရေးကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသဂ္ဂ ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး Vassily Nebenzia က ၎င်းနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအား ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်မရှိကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

“ ဒီလို ကျွန်တော်တို့ရဲ့ အချုပ်အခြာပိုင်နက်နယ်မြေထဲမှာ ရုရှားတပ်တွေကို ကိုယ့်ဟာကိုယ်ချထားတာဟာ အဲဒီနေရာမှာ စစ်ဆင်ရေးလုပ်ဖို့အစီအစဉ်တစ်ခုရှိတယ် ၊ ကျူးကျော်ဖို့တောင်ရှိတယ်ဆိုပြီး အနောက်နိုင်ငံတွေနဲ့အမေရိကန်အပေါင်းအပါတွေက ပြောနေကြတယ် ၊ ယူကရိန်းကို ရုရှားက စစ်ရေးအရ လုပ်တော့မယ် ၊ အကယ်၍ ရက်အနည်းငယ်အတွင်းမဟုတ်ရင်တောင် ရက်သတ္တပတ်အနည်းငယ်အတွင်း အဲဒီနေရာကို ကျွန်တော်တို့က ကျူးကျော်ဝင်ရောက်တော့မယ်ဆိုပြီး သူတို့က သိပ်ကိုသေချာတဲ့ပုံစံနဲ့ပြောဆိုနေကြတယ်” ဟု ရုရှားသံအမတ်က လုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။

“ အဲဒီမှာ ဘယ်လိုဖြစ်လဲ ၊ ဒီလိုစိုးရိမ်စရာ စွပ်စွဲချက်တွေကို ဘာသက်သေအထောက်အထား ခိုင်ခိုင်မာမာ အတည်မပြုနိုင်ဘဲ ပြောနေကြတယ် ၊ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ယူကရိန်းနိုင်ငံမှာ အစကတည်းက စီးပွားရေးသက်ရောက်မှု အမှန်တကယ် ခံစားနေရတာကို ပိုပြီး ထိန့်လန့်သွားအောင် မီးလောင်ရာလေပင့်တဲ့ အခြေအနေကနေ ပြည်သူတွေကို အကာအကွယ်မပေးကြဘူး” ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ရဲ့ အနောက်နိုင်ငံက လုပ်ဖော်ကိုင်တွေဟာ တင်းမာမှုကို လျှော့ချဖို့ လိုတဲ့အကြောင်း သူတို့ ပြောနေကြတယ်။ ဒါပေမယ့်လည်း အစအဦး နဲ့ရှေ့ဆက်ဖို့ သူတို့ကိုယ်တိုင် တင်းမာမှုပိုကြီးအောင် ၊ အရှိန်တက်လာအောင် စကားလုံးတွေနဲ့ မီးထိုးနေတယ် ” ဟု သံအမတ်ကြီးက ဆိုသည်။

“ အဲဒီစွပ်စွဲချက်တွေကို ကျွန်တော်တို့က အမြဲတမ်း ပယ်ချနေပေမယ့် သူတို့က ပြောနေကြတုန်းပဲ ၊ ပြီးတော့ ဒီအခိုက်အတန့်လေးမှာ ရုရှားနိုင်ငံရေးသမားတွေ ဒါမှမဟုတ် ထင်ရှားသူတွေရဲ့ နှုတ်ဖျားဆီက ယူကရိန်းကို ကျူးကျော်မယ်ဆိုတဲ့ အကြောင်းကို ဘယ်လိုခြိမ်းခြောက် ပြောဆိုမှုမျိုးမှ ရှိမနေလင့်ကစား သူတို့(အနောက်နိုင်ငံတွေ)ကတော့ စွပ်စွဲလို့ကောင်းတုန်းပဲ ၊ ဘယ်လိုခြိမ်းခြောက်မှုမှလည်း လုပ်ခဲ့တာမရှိဘူး ၊ အဲဒီလိုအစီအစဉ်နဲ့ပတ်သက်ပြီး ပြောနေကြတာတွေကို အဆင့်ဆင့်တိုင်းမှာ ကျွန်တော်တို့ ပယ်ချပါတယ်” ဟု ၎င်းကဆိုသည်။

ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သော တံခါးဖွင့် အစည်းအဝေးသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ အမေရိကန်၏ တောင်းဆိုချက်အရ ပြုလုပ်ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးကို ဟန့်တားရန် ရုရှားက ကြိုးပမ်းခဲ့သော်လည်း လုပ်ထုံးလုပ်နည်းဆန္ဒမဲပေးမှုတွင် ကောင်စီအဖွဲ့ဝင် ၁၀ နိုင်ငံ၏ သဘောတူညီမှုဖြင့် ရုရှား၏ ဟန့်တားမှု အရေးနိုမ့်ခဲ့ရသည်။

ယင်းအစည်းအဝေးကျင်းပရန် တောင်းဆိုမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအား ကြောင်သူတော်ဟု ရုရှားသံအမတ်ကြီးက စွပ်စွဲပြောကြားခဲ့သည်။
“ ဒီအစည်းအဝေးဖြစ်ပေါ်လာအောင် တောင်းဆိုခဲ့တဲ့ အမေရိကန်ရဲ့လုပ်ရပ်ဟာ အမှန်တကယ်တော့ ကြောင်သူတော်ပါပဲ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အချုပ်အခြာပိုင်နက်နယ်မြေအပြင်ဖက်မှာ စစ်တပ်ချထားတဲ့ စံချိန်တင်နိုင်ငံဟာ အမေရိကန်နိုင်ငံဖြစ်နေတယ်။ နျူးကလီးယားလက်နက်တွေအပါအဝင် အမေရိကန်တပ်ဖွဲ့တွေ ၊ အကြံပေးတွေနဲ့ စစ်လက်နက်တွေဟာ ဝါရှင်တန်ကနေ ကီလိုမီတာထောင်ပေါင်းများစွာ ကွာဝေးတဲ့ နေရာတွေမှာ အမြဲလိုလို တပ်ချထားလို့ပါပဲ”ဟု Nebenzia က ဆိုသည်။

“ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ယူဆောင်ပေးမယ်ဆိုပြီး သူတို့လုပ်ခဲ့တဲ့နေရာတိုင်းမှာ အမေရိကန်ရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေကြောင့် အရပ်သားပြည်သူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ကျွန်တော်မပြောသေးဘူးနော်၊ မကြာသေးခင်နှစ်တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အခွင့်အာဏာမရှိဘဲ နိုင်ငံပေါင်းများစွာကို အင်အားသုံးပြီး အမေရိကန်ဟာ တစ်စိုက်မက်မက်လုပ်ခဲ့တယ်လေ ” ဟု ရုရှားသံအမတ်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ဥရောပတိုက်တွင် တပ်ဖွဲ့ဝင် ၆၀,၀၀၀ ကျော်အပါအဝင် အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်း၌တပ်ဖွဲ့ဝင်ပေါင်း ၁၇၅,၀၀၀ ကိုတပ်ဖြန့်ထားသည်။ အမေရိကန်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်ဘက်ဂျက်သည် ရုရှားနိုင်ငံထက် ၁၂ ဆ ပိုများကြောင်း ၎င်းကဆိုသည်။ (Xinhua)

————————–
(English Version)
Russia has no plans to invade Ukraine: ambassador
UNITED NATIONS, Jan. 31 (Xinhua) — Russia’s UN ambassador Vassily Nebenzia said Monday that his country has no plans to invade Ukraine.
“This deployment of Russian troops in our own territory is getting our Western and U.S. colleagues to say that there’s going to be a planned military action and even an act of aggression … A military action of Russia against Ukraine that they’re all assuring us is going to take place in just a few weeks, if not a few days,” he told the Security Council. “There, however, is no proof confirming such a serious accusation whatsoever being put forward. However, it is not preventing people from whipping up hysteria to such an extent that an actual economic impact is already being felt by our Ukrainian neighbors.”
“Our Western colleagues are talking about the need for de-escalation. However, first and foremost, they themselves are whipping up tensions and rhetoric and provoking escalation,” he said. “This is despite the fact that we are constantly rejecting
these allegations, and this is despite the fact that no threat of a planned invasion into Ukraine from the lips of any Russian politician or public figure over all of this period — no such threat has been made. Rather, at all levels, we’ve been categorically rejecting such plans.”
Monday’s open meeting on Ukraine was requested by the United States. Russia failed to block the meeting as 10 members of the council agreed to proceed in a procedural vote.
The Russian ambassador accused the United States of hypocrisy in requesting the meeting.
“The maneuvers of the U.S. regarding the convening of this meeting is particularly hypocritical because it was the Americans who hold the record for having troop presence outside their territory. American troops, advisers, and weapons, including nuclear weapons, are frequently deployed thousands of kilometers from Washington,” said Nebenzia. “I’m not even talking about the fact that the military adventures of the U.S. have killed hundreds of thousands of civilians in places where they were supposed to be bringing peace and democracy. The U.S. consistently, including over recent years, has used force against other states without the authorization of the UN Security Council.”
The United States has 175,000 troops deployed abroad, including more than 60,000 in Europe. The U.S. military budget is 12 times higher than Russia’s, he said. Enditem

Russia’s UN ambassador Vassily Nebenzia speaks at a Security Council meeting on Ukraine at UN Headquarters in New York on Jan. 31, 2022.