Connect with us

Europe

ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့က စစ်ဘက်ဆိုင်ရာထောက်ပံ့နေခြင်းသည် တင်းမာမှုကို မြင့်တက်စေရုံသာရှိကြောင်း ရုရှားပြော

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန် နှင့် ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky အားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်(NATO) အဖွဲ့က ယူကရိန်းနိုင်ငံအား စစ်ဘက်ဆိုင်ရာအကူအညီများ ဆက်လက်ထောက်ပံ့နေခြင်းသည် နိုင်ငံတွင် ပြည်တွင်းပဋိပက္ခကို ပိုမိုအရှိန်တိုးမြင့်စေရုံသာ ရှိလိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းနိုင်ငံကို စစ်လက်နက်တွေထောက်ပံ့တာ ၊ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတာတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ဒီလိုထောက်ပံ့နေတာဟာ တည်ငြိမ်ရေးနဲ့လုံခြုံရေးကို ထိန်းသိမ်းရာမရောက်ဘဲ မီးညွန့်မီးတောက်ပိုကြီးလာအောင် လောင်စာဆီ ထပ်ထည့်ပေးနေတာနဲ့အတူတူပါပဲ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ဆိုသည်။

ယင်းလုပ်ဆောင်ချက်များသည် ယူကရိန်းနိုင်ငံအား ပြည်တွင်းစစ်မီးတောက်ကြီးထဲကို တွန်းပို့နေခြင်းဖြစ်၍ စိုးရိမ်ပူပန်မိကြောင်း အပတ်စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် (အမျိုးသမီး) က ဆိုသည်။

ယခုနှစ် (၂၀၂၁ ခုနှစ်) တစ်နှစ်ထဲတွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်အပါအဝင် ၂၀၁၄ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံ၏ ယူကရိန်းနိုင်ငံထံ စစ်ဘက်ဆိုင်ရာအကူအညီ ထောက်ပံ့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံရှိနေပြီဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေသော အရှေ့ဘက်ပိုင်းသို့ ချဲ့ထွင်သွားမည်မဟုတ်ဟုဆိုသည့် နေတိုးအဖွဲ့၏ ကတိစကားကို ရုရှားနိုင်ငံက အယုံအကြည်မရှိကြောင်း Zakharova က ဆိုသည်။

ယူကရိန်းနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် ရုရှားက တပ်ဖွဲ့ဝင်အင်အား အများအပြား တပ်ချထားသည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် ပြောခွင့်ရပုဂ္ဂိုလ်က ရုရှားနိုင်ငံသည် မိမိ၏ အချုပ်အခြာအာဏာပိုင်နက် နယ်မြေအတွင်း တပ်ရင်းတပ်ဖွဲ့ရွှေ့ပြောင်းခြင်းဆိုင်ရာ စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ရန် အခွင့်အရေးအပြည့်အဝရှိကြောင်း ၊ သို့သော်လည်း ယင်းမှာ ရန်စကျူးကျော်ရန်အတွက် မရည်ရွယ်ကြောင်း ဆိုသည်။

ဒီဇင်ဘာ ၁၅ ရက် နံနက်အစောပိုင်းတွင် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov နှင့် ရုရှား ဒုတိယစစ်ဦးစီးချုပ် Dmitry Kozak တို့သည် ဥရောပ နှင့် ယူရေးရှား ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Karen Donfried နှင့် မော်စကိုမြို့၌ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေး နှင့် ဥပရောတိုက်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဥရောပမဟာမိတ်များ နှင့် မိတ်ဖက်များနှင့်အတူ အမေရိကန်နိုင်ငံ၏ ရပ်တည်ချက်ကို ညှိနှိုင်းဆွေးနွေးရန်အတွက် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Donfried သည် ရုရှားမှတဆင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့သို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………..
(English Version)
Russia says NATO military aid to Ukraine only heightens tension

MOSCOW, Dec. 15 (Xinhua) — The North Atlantic Treaty Organization (NATO) continues to provide military assistance to Ukraine, which only escalates the internal conflict in the country, the Russian Foreign Ministry said Wednesday.
“NATO countries are increasing the supply of weapons to Ukraine, training its military personnel, and are not doing this with the mythical aim of maintaining stability and security, but to simply add fuel to the fire,” the ministry’s spokesperson Maria Zakharova said.
During her weekly briefing, she expressed concern that these actions could drive Ukraine into a large-scale civil war.
According to her, the United States has provided 2.5 billion U.S. dollars in military aid to Ukraine since 2014, including more than 400 million dollars this year alone.
Russia does not trust the NATO’s promise of not expanding eastwards as the words are not backed by actions, Zakharova said.
Commenting on the allegation that Russia is building up forces along the Ukrainian borders, the spokesperson said that Russia has every right to move military units on its sovereign territory but it has no intention of aggression.
Earlier on Wednesday, Russian Deputy Foreign Minister Sergei Ryabkov and Kremlin Deputy Chief of Staff Dmitry Kozak met Karen Donfried, U.S. Assistant Secretary of State for European and Eurasian Affairs, in Moscow to discuss the Ukrainian situation and the security issue in Europe.
Donfried will then travel to Brussels to coordinate U.S. positions with its European allies and partners.

Photo- U.S. President Joe Biden and Ukrainian President Volodymyr Zelensky (Xinhua)