Connect with us

Europe

ယူကရိန်း၏ နေတိုးအဖွဲ့ထဲ ဝင်ရောက်ခွင့်တောင်းဆိုမှုသည် ရုရှား-နေတိုး ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov အားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ)
ယူကရိန်း၏ မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး)ထဲ ဝင်ရောက်ခွင့်တောင်းဆိုမှုသည် ရုရှားနှင့်နေတိုး(NATO)မဟာမိတ်များအကြား ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ်ရော့(Sergei Lavrov) က ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
“ယူကရိန်းဟာ နေတိုးအဖွဲ့ထဲ ဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာရယ် ၊ သူ့ရဲ့ဝင်ရောက်မှုဟာ နေတိုးရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ ဘယ်လိုအထောက်အပံ့မှ မဖြစ်ဘူးဆိုတာရယ်ကို အားလုံး သဘောပေါက် နားလည်ကြပါတယ် ” ဟု ရုရှားတီဗီအစီအစဉ်တစ်ခုသို့ လာဗ်ရော့က ပြောကြားခဲ့သည်။
ရုရှားအဆင့်မြင့်သံတမန်(နိုင်ငံခြားရေးဝန်ကြီး)က အမေရိကန်ဦးဆောင်သော စစ်မဟာမိတ်စာချုပ်အဖွဲ့အနေဖြင့် “ ယူဂိုဆလားဗီယားနိုင်ငံအား သုံးလကြာ ဘယ်လို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး လစ်ဗျားနိုင်ငံကို ဘယ်လို ကျူးကျော်ဝင်ရောက်ခဲ့တာ ၊ ပြီးတော့ အာဖဂန်နိုင်ငံမှာ ဘယ်လို ပြုမူခဲ့တာ ” စသည့် အချက်များအား ဝေဖန်ထောက်ပြခဲ့သည်။
ထို့ပြင် လာဗ်ရော့က “ လုံခြုံရေးခွဲခြမ်းစိတ်ဖြာမှု” တွင် မည်သည့်နိုင်ငံကမျှ ၎င်းတို့၏ ကိုယ်ပိုင်လုံခြုံရေးအတွက် အခြားသူများဘက်ကို တိုးချဲ့ခြင်းမပြုရဆိုသည့် စည်းမျဉ်းစည်းကမ်းကို ထပ်လောင်း အသိပေး ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသည် နေတိုး၏ အဖွဲ့ဝင်နိုင်ငံများ နှင့် ဥရောပရှိ လုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းထံ တရားဝင်တောင်းဆိုမှုများ ပေးပို့ထားကြောင်း နှင့် ဤစည်းမျဉ်းစည်းကမ်း(လုံခြုံရေးခွဲခြမ်းစိတ်ဖြာမှု)အောက်တွင် ၎င်းတို့အနေဖြင့် အဘယ်အတွက်ကြောင့် အရှေ့ဘက်သို့ တိုးချဲ့မှုပြုလုပ်နေသည်ကို ရှင်းပြရန် တိုက်တွန်းထားကြောင်း ၎င်းက ဆိုသည်။(Xinhua)
—————————
(English Version)
Ukraine’s admission to NATO would seriously undermine Russia-NATO relations, Russian Foreign Minister lavrov warns
MOSCOW, Jan. 30 (Xinhua) — Ukraine’s admission to the North Atlantic Treaty Organization (NATO) would seriously undermine relations between Russia and the alliance, Russian Foreign Minister Sergei Lavrov said Sunday.
“Everyone understands that Ukraine is not ready (to join NATO) and will not make any contribution to strengthening NATO’s security,” Lavrov told a Russian TV program.
Commenting on statements that NATO is defensive, the top diplomat recalled how the U.S.-led military bloc “bombed Yugoslavia for almost three months, invaded Libya in violation of a UN Security Council resolution, and behaved in Afghanistan.”
Lavrov reiterated “the indivisibility of security,” the principle that no state should strengthen its own security at the expense of others.
He said that Russia is sending official requests to the member countries of NATO and the Organization for Security and Cooperation in Europe, urging them to explain what they intend to do under this principle.

Photo- Xinhua file photo of Russian Foreign Minister Sergei Lavrov