Connect with us

Europe

ယူကေတွင် လီဗာပူး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်မှု ခြိမ်းခြောက်ခြင်း “စိုးရိမ်ဖွယ်” အဆင့်မြှင့်တင်

လန်ဒန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗားပူးဆေးရုံတစ်ရုံ ပြင်ပတွင် နိုဝင်ဘာ ၁၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အကြမ်းဖက်လုပ်ရပ်အဖြစ် ကြေညာလိုက်ပြီးနောက် အကြမ်းဖက်ခြိမ်းခြောက်မှုအဆင့်အား “သိသာသော” အဆင့်မှ “ပြင်းထန်သော” အဆင့်သို့ မြှင့်တင်ထားကြောင်း သိရသည်။ထိုသို့ အဆင့်မြှင့်တင်ခြင်းသည် နောက်ထပ် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု အကဲဖြတ်ခန့်မှန်းထားခြင်းဟု ဆိုလိုကြောင်း ဗြိိတိန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Priti Patel က အတည်ပြုပြောကြားခဲ့သည်။

“အကြမ်းဖက်မှု လေ့လာဆန်းစစ်ရေးပူးတွဲစင်တာက အခု ယူကေမှာရှိတဲ့ အကြမ်းဖက်မှုအဆင့်ကို သိသာတဲ့အဆင့်ကနေ ပြင်းထန်တဲ့အဆင့်ကို တိုးမြှင့်ထားပါတယ်” ဟု Patel က ဒေသတွင်းမီဒီယာသို့ ပြောကြားခဲ့သည်။

ဗြိိတိန်နိုင်ငံ လီဗာပူးမြို့ရှိ လီဗာပူးအမျိုးသမီးဆေးရုံ အပြင်ဘက်တွင် နိုဝင်ဘာ ၁၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် Sutcliffe Street လမ်းပေါ်၌ ရဲအရာရှိများအား တွေ့ရစဉ် (ဆင်ဟွာ)

“အကြောင်းပြချက်ကတော့ မနေ့ကကျွန်တော်တို့ မြင်တွေ့ခဲ့တာဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်”“ပြင်းထန်သော” အဆင့်သည် ဗြိတိန်နိုင်ငံတွင် ဒုတိယအမြင့်ဆုံး သတိပေးချက်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ခြိမ်းခြောက်ခြင်း သတိပေးချက် အဆင့် ၅ ချက်တွင် “အနိမ့်ဆုံး၊ အလယ်အလတ်၊ သိသာသော၊ ပြင်းထန်သော နှင့် စိုးရိမ်ဖွယ်” စသည်တို့ ပါဝင်ကြောင်း သိရသည်။

လီဗာပူး အမျိုးသမီးဆေးရုံ အပြင်ဘက်တွင် နိုဝင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအား အမျိုးသားခရီးသည်တစ်ဦးမှ မော်တော်ယာဉ်အတွင်း၌ ယူဆောင်လာသော “ပေါက်ကွဲစေသောပစ္စည်းကြောင့်” ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အင်္ဂလန် အနောက်မြောက်ပိုင်းရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အကြီးအကဲ Russ Jackson က ပြောကြားခဲ့သည်။

ဗြိိတိန်နိုင်ငံ လီဗာပူးမြို့ရှိ လီဗာပူးအမျိုးသမီးဆေးရုံ အပြင်ဘက်တွင် နိုဝင်ဘာ ၁၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် Sutcliffe Street လမ်းပေါ်၌ ရဲအရာရှိတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေါက်ကွဲမှု၌ အမျိုးသားခရီးသည် သေဆုံးခဲ့ပြီး တက္ကစီယာဉ်မောင်းမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ရဲတပ်ဖွဲ့အနေဖြင့် ခရီးသည်အား မည်သူမည်ဝါဖြစ်ကြောင်း သိရှိသည်ဟု ယုံကြည်ထားသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးသလို အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အကြမ်းဖက်မှုဥပဒေအရ အသက် ၂၀ ကျော်အရွယ် အမျိုးသား လေးဦးကို ဖမ်းဆီးထားကြောင်း သိရသည်။အခင်းဖြစ်ပွားစဉ် ခရီးသည်အား ကားအတွင်း သော့ပိတ်ထားခဲ့သော ဒဏ်ရာရ ယာဉ်မောင်းအား သူရဲကောင်းအဖြစ် ချီးကျူးပြောကြားထားခဲ့သည်။

“သူရဲကောင်းဆန်ဆန် ပြုမူခဲ့တဲ့ တက္ကစီယာဉ်မောင်းဟာ လွတ်မြောက်သွားခဲ့ပါတယ်” ဟု လီဗာပူးမြို့တော်ဝန် Joanne Anderson က ပြောခဲ့သည်။ (Xinhua)

————————————————
(English Version)

UK terror threat level raised to “severe” following Liverpool explosion

LONDON, Nov. 15 (Xinhua) — Britain’s terror threat level has been upgraded from “substantial” to “severe” following an explosion outside a Liverpool hospital that had been declared a terrorist incident on Monday.

The upgrade, confirmed by British Home Secretary Priti Patel, means further attacks are judged to be “highly likely.”
“The Joint Terrorism Analysis Centre are now increasing the UK’s threat level from substantial to severe,” Patel told local media.
“And there’s a reason for that, and that reason is because what we saw yesterday is the second incident in a month.”
The “severe” level is the second highest alert in Britain, whose five-level terrorism threat alert system consists of “low, moderate, substantial, severe and critical.”
Sunday’s explosion outside Liverpool Women’s Hospital was caused by “the ignition of an explosive device” that was brought into the vehicle by a male passenger, said Russ Jackson, chief of counter-terrorism unit in northwest England.

The male passenger died in the explosion and the taxi driver managed to escape. The police believe they know the identity of the passenger, but cannot confirm it at the moment. The motivation for the incident remains unclear.

Four men in their 20s have been arrested under the Terrorism Act.The injured cab driver, who locked the passenger in the car during the incident, has been hailed a hero.
“The taxi driver, in his heroic efforts, has managed to divert what could have been an absolutely awful disaster at the hospital,” said Liverpool Mayor Joanne Anderson. Enditem

1-2- Police officers are seen on Sutcliffe Street after Sunday’s explosion outside Liverpool Women’s Hospital in Liverpool, Britain, on Nov. 15, 2021. British police on Monday said the explosion outside Liverpool Women’s Hospital in Liverpool is being treated as a terrorist incident. (Photo by Chris Neill/Xinhua)

3-A police officer is seen on Sutcliffe Street after Sunday’s explosion outside Liverpool Women’s Hospital in Liverpool, Britain, on Nov. 15, 2021. British police on Monday said the explosion outside Liverpool Women’s Hospital in Liverpool is being treated as a terrorist incident. (Photo by Chris Neill/Xinhua)