Connect with us

Asia

ရဟတ်ယာဉ်ပျက်ကျမှုတွင် အိန္ဒိယ စစ်ဦးစီးချုပ် နှင့် အခြား ၁၂ ဦး သေဆုံး

နယူးဒေလီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်၌ ဒီဇင်ဘာ ၈ ရက်ကဖြစ်ပွားသော ရဟတ်ယာဉ်ပျက်ကျမှုတွင် အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ်(CDS) ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် ၎င်း၏ ဇနီးအပါအဝင် အခြားသော လူပုဂ္ဂိုလ် ၁၂ ဦး သေဆုံးသွားခဲ့ပြီး အခြားလူတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။“ စစ်ဦးစီးချုပ် ၊ သူ့ဇနီး နဲ့ အခြား စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၁၁ ဦး ဟာ သိပ်ကိုကံအကြောင်းမလှစွာဘဲ Tamil Nadu ပြည်နယ်မှာ ဒီကနေ့ ရဟတ်ယာဉ်မတော်တဆပျက်ကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့အပေါ် အလွန်ထိခိုက်ကြေကွဲခံစားရပါတယ် ” ဟု အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh က တွစ်တာလူမှုကွန်ရက်တွင် အခင်းဖြစ် ဒီဇင်ဘာ ၈ ရက်က ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံစစ်ဦးစီးချုပ် လိုက်ပါလာသော ရဟတ်ယာဉ် Tamil Nadu ပြည်နယ်မြို့တော် ချန်နိုင်းမြို့၏ အနောက်တောင်ဘက် ၅၃၈ ကီလိုမီတာကျော်အကွာအဝေးတွင် တည်ရှိသည့် Nilgiris ခရိုင်အတွင်းရှိ Coonoor နယ်မြေ၌ ပျက်ကျသွားသောနေရာအား ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ ဗိုလ်ချုပ်ကြီးဟာ တိုင်းပြည်အတွက် တူမတူတဲ့ ရဲစွမ်းသတ္တိ ၊ ဇွဲလုံးလနဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ပထမဆုံး စစ်ဦးစီးချုပ်အနေနဲ့ သူဟာ ကျွန်တော်တို့ စစ်တပ်ရဲ့ ကြည်းရေလေပူးတွဲဆောင် ညှိနှိုင်းရွက်မှုအတွက် အစီအစဉ်တွေချမှတ်ဖို့ ပြင်ဆင်ပေးခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ဆိုသည်။
ရဟတ်ယာဉ်ပျက်ကျမှုသည် Tamil Nadu ပြည်နယ်မြို့တော် ချန်နိုင်းမြို့၏ အနောက်တောင်ဘက် ၅၃၈ ကီလိုမီတာကျော်အကွာအဝေးတွင် တည်ရှိသည့် Nilgiris ခရိုင်အတွင်းရှိ Coonoor နယ်မြေ၌ ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံစစ်ဦးစီးချုပ် လိုက်ပါလာသော ရဟတ်ယာဉ် Tamil Nadu ပြည်နယ်မြို့တော် ချန်နိုင်းမြို့၏ အနောက်တောင်ဘက် ၅၃၈ ကီလိုမီတာကျော်အကွာအဝေးတွင် တည်ရှိသည့် Nilgiris ခရိုင်အတွင်းရှိ Coonoor နယ်မြေ၌ ပျက်ကျသွားသောနေရာအား ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

၎င်း ရဟတ်ယာဉ်ပေါ်တွင် စစ်ဦးစီးချုပ်၏ ဇနီး နှင့် စစ်ဘက်လက်ထောက် အပါအဝင် ၊ ခရီးသည် ၉ ဦး နှင့် ရဟတ်ယာဉ်အမှုထမ်း ၅ ဦး စုစုပေါင်း လူ ၁၄ ဦး လိုက်ပါလာခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

“ ဒီမတော်တဆမှုမှာ သူတို့ချစ်ခင်မြတ်နိုးရသူတွေ ဆုံးရှုံးခဲ့ရတဲ့အပေါ် ထိခိုက်ကြေကွဲခံစားနေရသူတွေအတွက် ကျွန်တော် များစွာစိတ်မကောင်းဖြစ်ရပါတယ် ၊ လက်ရှိ ဝဲလ်လင်တန်စစ်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရတဲ့ ဗိုလ်ကြီး Varun Singh ကိုလည်း အမြန်ဆုံးပြန်လည်သက်သာ ကောင်းမွန်လာဖို့ ကျွန်တော်ဆုတောင်းပေးပါတယ် ” ဟု ကာကွယ်ရေးဝန်ကြီး Singh က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

ဝန်ကြီး Singh သည် နယူးဒေလီမြို့ရှိ စစ်ဦးစီးချုပ်နေအိမ်သို့သွားရောက်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များအား အားပေးနှစ်သိမ့်စကားပြောကြားခဲ့သည်။ ယင်းမတော်တဆမှုနှင့်ပတ်သက်၍ ဝန်ကြီးက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရန္ဒြာမိုဒီထံ အစီရင်ခံစာ အတိုချုပ်တစ်စောင်ကိုလည်း တင်သွင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးက လက်ရှိကျင်းပနေဆဲ အိန္ဒိယလွှတ်တော်အစည်းအဝေး၏ ဒီဇင်ဘာ ၉ ရက် ဆွေးနွေးပွဲသို့တက်ရောက်ကာ ရဟတ်ယာဉ်ပျက်ကျမှုအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Rawat သည် အခင်းဖြစ်နေ့က နယူးဒေလီမြို့မှ Coimbatore မြို့သို့ လေကြောင်းခရီးစဉ်တစ်ခုဖြစ်ထွက်ခွာလာခဲ့ကြောင်း ၊ ယင်းနောက် Nilgiri တောင်တန်းရှိ ဝဲလ်လင်တန်မြို့သို့ ဆက်လက်ထွက်ခွာရန် Sulur ရှိ လေတပ်အခြေစိုက်စခန်းမှ ရုရှားနိုင်ငံထုတ် Mi-17 V5 ရဟတ်ယာဉ်ဖြင့် ထွက်ခွာစဉ် ယင်းရဟတ်ယာဉ်သည် မြေပြင်မှ ပျံတက်ပြီး မကြာမီမှာပင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ပထမဆုံး သတင်းပေးပို့မှုကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် လက်ခံရရှိခဲ့သည်။
မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ ယင်းရဟတ်ယာဉ်သည် သစ်ပင်များပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း နှင့် သစ်ပင်သစ်ကိုင်းများအကြား အပိုင်းပိုင်းပျက်စီးနေသည့် ရဟတ်ယာဉ်မှ မီးခိုး နှင့် မီးညွန့်များထွက်ပေါ်နေစဉ်မှာပင် ရုပ်အလောင်းများကို သယ်ထုတ်သွားသည်ကိုတွေ့ရှိခဲ့ရကြောင်း ဆိုသည်။

ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းအရင်းကို မသိရှိရသေးကြောင်း ၊ သို့သော်လည်း အခင်းဖြစ်နေရာအနီးတစ်ဝိုက်တွင် မြူများဆိုင်းနေပြီး မြင်ကွင်းမသဲကွဲကြောင်း သတင်းများကဆိုသည်။

အိန္ဒိယနိုင်ငံလေတပ်(IAF) က ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းအရင်းကို သေချာစွာသိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုတစ်ခုပြုလုပ်သွားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အသက် ၆၃ နှစ်အရွယ် ဗိုလ်ချုပ်ကြီး Rawat သည် စစ်တပ်အကြီးအကဲအဖြစ် သက်တမ်း ၃ နှစ်တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အိန္ဒိယနိုင်ငံ၏ ပထမဆုံးစစ်ဦးစီးချုပ် (CDS) အဖြစ် ခန့်အပ်ခြင်းခံရသည်။ CDS ရာထူးသည် အိန္ဒိယစစ်တပ်တွင် အမြင့်ဆုံးစစ်ဗိုလ်ချုပ်ကြီးရာထူးဖြစ်ပြီး ကြည်း ၊ ရေ ၊ လေ တပ်ဖွဲ့သုံးခုအား ညှိနှိုင်းကွပ်ကဲရန်အတွက် အသစ်ခန့်အပ်ထားသည့် ရာထူး ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံလေတပ်(IAF) ၏ Mi-17V5 ရဟတ်ယာဉ်သည် အင်ဂျင်နှစ်လုံးတပ်အမျိုးအစားဖြစ်ပြီး ခေတ်မီ စစ်ဘက်ပို့ဆောင်ရေး ရဟတ်ယာဉ်ဖြစ်သည်။ ယင်းရဟတ်ယာဉ်ကို အရေးကြီးပုဂ္ဂိုလ်များပို့ဆောင်ခြင်း ၊ တပ်ရင်းတပ်ဖွဲ့ဝင်များပို့ဆောင်ခြင်း ၊ စစ်လက်နက်များပို့ဆောင်ခြင်း ၊ ကင်းလှည့်ခြင်း နှင့် ကယ်ဆယ်ရေးနှင့်ရှာဖွေရေးဆောင်ရွက်ခြင်း စသည့်နေရာများအတွင် အသုံးပြုကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် ၊ ပြည်ထဲရေးဝန်ကြီး ၊ ကာကွယ်ရေးဝန်ကြီး ၊ ဘဏ္ဍာရေးဝန်ကြီး နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ ပါဝင်သော လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အစိုးရအဖွဲ့ကော်မတီ ၏ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို မွန်းလွဲပိုင်းတွင် ကျင်းပသွားရန်ရှိသည်။

Tamil Nadu ပြည်နယ် ဝန်ကြီးချုပ် M K Stalin သည် ရဟတ်ယာဉ်ပျက်ကျမှု အခင်းဖြစ်နေရာသို့ သွားရောက်ရန်ရှိနေပြီး အိန္ဒိယနိုင်ငံ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Vivek Ram Chaudhari သည်လည်း Tamil Nadu ပြည်နယ်သို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————-

(English Version)

India’s chief of defense staff, 12 others killed in helicopter crash

NEW DELHI, Dec. 8 (Xinhua) — India’s Chief of Defense Staff (CDS) General Bipin Rawat and 12 others including his wife were killed and one was injured on Wednesday in a helicopter crash in the southern state of Tamil Nadu, officials said.

“Deeply anguished by the sudden demise of Chief of Defence Staff Gen Bipin Rawat, his wife and 11 other armed forces personnel in an extremely unfortunate helicopter accident today in Tamil Nadu. His untimely death is an irreparable loss to our armed forces and the country,” India’s Defense Minister Rajnath Singh wrote on social media.

“General Rawat had served the country with exceptional courage and diligence. As the first Chief of Defence Staff he had prepared plans for jointness of our armed forces,” he said.
The helicopter crashed at Coonoor area of Nilgiris district, about 538 km southwest of Chennai, the capital city of Tamil Nadu.

According to officials, 14 people were on board — nine passengers and five crew members, including Rawat’s wife and his defense assistant.
“My heart goes out to the families of those who lost their loved ones in this accident. Praying for the speedy recovery of group captain Varun Singh, who is currently under treatment at the Military Hospital, Wellington,” Singh wrote.
Singh visited the residence of Rawat in New Delhi to express solidarity with his family members. Singh has also reportedly briefed Indian Prime Minister Narendra Modi about the incident.

Reports said he is likely to brief parliament, which is currently in session, on the crash on Thursday.
Rawat had taken a flight from Delhi to Sulur in Coimbatore earlier in the day and the crash took place shortly after the Russian-made Mi-17 V5 chopper took off from the Air Force base in Sulur for Wellington in the Nilgiri Hills.

The crash was first reported around 12:20 p.m. local time Wednesday.
An eyewitness told the media he saw the helicopter falling down, crashing into trees and following which he saw charred bodies on the ground besides smoke and fire leaping from the mangled helicopter parts and damaged trees.

The cause of the crash was not immediately known, however, reports said there was low visibility and foggy conditions prevailing in the area.
The Indian Air Force (IAF) has ordered an inquiry to ascertain the cause of the crash.

The 63-year-old Rawat took charge as India’s first CDS on Dec. 31, 2019, after serving as the army chief for a full three-year term. CDS is the topmost military general in India and the position was set up with the aim of integrating the three services — the Army, the Navy and the Air Force.

IAF’s Mi-17V5 helicopter is a twin-engine chopper considered as one of the advanced military transport helicopters. It is used to carry important dignitaries, for deploying troops, arms transport, patrol and search and rescue missions.

Meanwhile, a high-powered cabinet committee on security — which includes the prime minister, the home minister, the defence minister,the finance minister and the foreign affairs minister will meet during the evening.

Tamil Nadu Chief Minister M K Stalin is scheduled to reach the crash site and India’s Air Chief Marshal Vivek Ram Chaudhari is on his way to Tamil Nadu.

Photo (1) India’s Chief of Defense Staff (CDS) General Bipin Rawat
Photo (2/3) A view of site where an Indian Air Force helicopter crashed at Coonoor area of Nilgiris district, about 538 km southwest of Chennai, the capital city of India’s Tamil Nadu state, Dec. 8, 2021. (Xinhua/Stringer)