Connect with us

Latin America

ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် ကိုလံဘီယာသမ္မတ ထိခိုက်မိခြင်းမရှိ

ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque ၏ ရဟတ်ယာဉ်ပေါ်တွင် ထိခိုက်ပျက်စီးနေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- COLPRENSA/Handout via Xinhua)

ဘိုဂိုတာ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque က ၎င်းနှင့် အခြားအရာရှိများအား တင်ဆောင်လာသော ရဟတ်ယာဉ်သည် တောင်ပိုင်း Catatumbo ဒေသတွင် ကျည်ဆန်များစွာဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဇွန် ၂၅ ရက်က ပြောကြားခဲ့သည်။

ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque ၏ ရဟတ်ယာဉ်ပေါ်တွင် ထိခိုက်ပျက်စီးနေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- COLPRENSA/Handout via Xinhua)

ကိုလံဘီယာနိုင်ငံ သမ္မတ Ivan Duque ၏ ရဟတ်ယာဉ်ပေါ်တွင် ထိခိုက်ပျက်စီးနေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- COLPRENSA/Handout via Xinhua)

အဆိုပါ ဖြစ်ရပ်သည် သမ္မတ၏ ရဟတ်ယာဉ်က Norte de Santander ပြည်နယ်မြို့တော် Cucuta သို့ ဦးတည်လျက် Catatumbo ဒေသအား ဖြတ်၍ပျံသန်းသွားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သမ္မတ ရဟတ်ယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ခံရတာပါ” ဟု Duque က ပြောကြားခဲ့ပြီး ၎င်းနှင့်အတူ ကာကွယ်ရေးဝန်ကြီး Diego Molano ၊ ပြည်ထဲရေးဝန်ကြီး Daniel Palacios နှင့် Norte de Santander ပြည်နယ် အုပ်ချုပ်ရေးမှူး Silvano Serrano တို့ လိုက်ပါလာခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သမ္မတက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“ဒါဟာ သတ္တိကြောင်တဲ့ တိုက်ခိုက်မှုပါပဲ။ ကျည်ဆန်အရာတွေကို သမ္မတရဟတ်ယာဉ်ပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ အကြမ်းဖက်မှုနဲ့ ဒုစရိုက်အဖွဲ့များရဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးတွေမှာ အစိုးရအနေနဲ့ အခိုက်အတန့်တစ်ခု တစ်ရက်လေးတောင်မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူးလို့ ထပ်လောင်းပြောကြားလိုပါတယ်” ဟု Duque က ပြောခဲ့သည်။

ထို့ပြင် ၎င်းကိုယ်တိုင်ကိုလည်း “အကြမ်းဖက် အပြုအမူများ” ကြောင့် ခြိမ်းခြောက်ခံမည်မဟုတ်ကြောင်း သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

“ရဟတ်ယာဉ်ကိုပစ်ခတ်ပြီး လူတွေရဲ့ အသက်ကို အန္တရာယ်ပြုတဲ့သူကို စုံစမ်းရှာဖွေဖို့ လုံခြုံရေးအဖွဲ့တစ်ခုလုံးကို အလွန်ပြတ်သားတဲ့ ညွှန်ကြားချက်တွေ ပေးထားပါတယ်” ဟု Duque က ဆိုသည်။ (Xinhua)

————————————
(English Version)
Colombia’s president unharmed after attack on helicopter
2021-06-26 10:20:50
BOGOTA, June 25 (Xinhua) — Colombian President Ivan Duque said on Friday that a helicopter carrying him and several other officials was struck by multiple bullets in the southern Catatumbo region.
The incident took place while the president’s helicopter was flying through the Catatumbo region toward the city of Cucuta, capital of Norte de Santander province.
“The presidential helicopter was the target of an attack,” Duque said, adding that he was accompanied by Defense Minister Diego Molano, Interior Minister Daniel Palacios, and governor of Norte de Santander Silvano Serrano.
No one was injured in the attack, the president said in a statement.
“The truth is that it is a cowardly attack, where the impact of the bullets can be seen on the presidential aircraft. Once again, we reiterate that as a government we are not going to falter for a single moment, a single day, in the fight against drug trafficking, against terrorism and organized crime,” said Duque.
He added that he would not allow himself to “be intimidated” by “acts of terrorism.”
“I have also given very clear instructions to the entire security team to go after those who shot at the aircraft and put the lives of people at risk,” Duque said. Enditem

1-3- (210626) — CUCUTA, June 26, 2021 (Xinhua) — Photo taken on June 25, 2021 shows the damage to the helicopter of Colombian President Ivan Duque. Ivan Duque said on Friday that a helicopter carrying him and several officials was struck by multiple bullets in the southern Catatumbo region. (COLPRENSA/Handout via Xinhua)