Connect with us

Europe

ရုရှားက ယူကရိန်းနိုင်ငံအား ကျူးကျော်ဝင်ရောက်ရန် စီစဉ်နေသည် ဆိုသော အမေရိကန်နိုင်ငံ၏ ပြောဆိုချက်ကို ရုရှားနိုင်ငံက ပယ်ချ

မော်စကို ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက လုပ်ကြံပြောဆိုထားသည့် ယူကရိန်းနိုင်ငံအား ရုရှားက ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်များ မရှိကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး Sergei Naryshkin က နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ယင်းစွပ်စွဲချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ “ချောက်တွန်းသည့်ဝါဒဖြန့်ချိရေး” ဖြစ်ပြီး ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိ ပဋိပက္ခများ အရှိန်မြှင့်တက်ရန် ယူကရိန်းနိုင်ငံအား တွန်းအားပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးက ရုရှားတီဗွီထုတ်လွှင့်မှုတစ်ခု၌ ပြောကြားခဲ့သည်။

ပုန်ကန်မှုဖြစ်နေသည့် Donbass ဒေသအား တိုက်ခိုက်မှုပြုလုပ်ရန် အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအာဏာပိုင်များအား သွေးထိုးလှုံ့ဆော်နေသည့်နှင့်အမျှ ရုရှားနိုင်ငံအနေဖြင့် ၎င်း၏ ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်တင်းကာ ဆက်လက်၍ တည်တည်ငြိမ်ငြိမ် ရှိနေသင့်ကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအား ရုရှားနိုင်ငံက ကျူးကျော်ဝင်ရောက်ရန် အစီအစဉ်တစ်ခုနှင့်ပတ်သက်၍ အနောက်နိုင်ငံများ နှင့် ယူကရိန်းနိုင်ငံတွင် မကြာသေးမီက ရေးသားထုတ်လွှင့်မှုများအပေါ် ကရင်မလင်နန်းတော်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ငြင်းဆိုလိုက်ပြီး “ ယင်းဂယောင်ခြောက်ခြားရေးသားပြောဆိုမှုသည် အတုအယောင်လုပ်ကြံဖန်တီးခြင်းအတွက် တွန်းအားပေးနေခြင်းသာဖြစ်သည်” ဟူ၍လည် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Russia rejects U.S. claim of Russian plan to invade Ukraine

MOSCOW, Nov. 27 (Xinhua) — Russia has no plans to invade Ukraine as Washington fabricated, Russian Foreign Intelligence Service Director Sergei Naryshkin said Saturday.

The allegation was “malicious propaganda” by the U.S. Department of State, which is aimed at pushing Kiev to escalate the conflict in eastern Ukraine, Naryshkin told a Russian TV program.

Russia should remain calm and reinforce its defensive capability as the United States is inciting the Ukrainian authorities to attack the insurgent Donbass region, he said.

Kremlin Spokesman Dmitry Peskov has also denied recent reports in the West and Ukraine about a Russian plan of aggression against Ukraine, saying that “this hysteria is being boosted artificially.” ■

Photo – Photo taken on June 3, 2019 shows the Kremlin Palace (L) and the Saint Basil’s Cathedral in Moscow, capital of Russia. (Xinhua/Bai Xueqi)