Connect with us

Europe

ရုရှားက လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန် သံတမန်များကို နှင်ထုတ်ကြောင်း ကြေညာ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအား ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံရှိ ကုလသမဂ္ဂ (UN)ဌာနချုပ်၌တာဝန်ထမ်းဆောင်နေသော ရုရှားနိုင်ငံ သံတမန်များအား အမေရိကန်က မကြာသေးမီတွင် နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားရှိ အမေရိကန် သံတမန်များအား နှင်ထုတ်ကြောင်း ရုရှားနိုင်ငံက မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။မော်စကိုမြို့ရှိ အမေရိကန် အဆင့်မြင့်သံတမန်အား မတ် ၂၃ ရက်က ဆင့်ခေါ်ခဲ့ကြောင်းနှင့် အမေရိကန် သံတမန်များအား “မကြိုဆိုထိုက်သူ” စာရင်းတွင် ထည့်သွင်းကြေညာခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံအား ရန်လိုသော မည်သည့်အပြုအမူမျိုးကိုမဆို ပြုလုပ်ပါက တိကျပြတ်သားပြီး ပြည့်ဝသော တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဟု အမေရိကန်အား ပြောကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဝန်ကြီးဌာနကမူ အမေရိကန် သံတမန်အရေအတွက် မည်မျှအား ပစ်မှတ်ထားကြောင်းနှင့် ထွက်ခွာမည့်နောက်ဆုံး အချိန်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။အမေရိကန်နိုင်ငံက နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ အမြဲတမ်းမစ်ရှင်အဖွဲ့ဝင် ၁၂ ဦးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးရုံးတွင် အလုပ်လုပ်ကိုင်နေသော ရုရှားနိုင်ငံသားတစ်ဦးကို နှင်ထုတ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်က ကြေညာခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Russia announces expulsion of U.S. diplomats in retaliation

MOSCOW, March 23 (Xinhua) — Russia said Wednesday that it is expelling U.S. diplomats in response to Washington’s recent expulsion of Russian diplomats from the United Nations (UN).

The Russian Foreign Ministry said in a statement that it summoned a senior diplomat of the U.S. embassy in Moscow on Wednesday and declared a list of American diplomats “persona non grata.”

The U.S. side was told that any hostile actions against Russia will receive a decisive and adequate response, it said.
The ministry did not disclose how many U.S. diplomats are targeted and the deadline of their departure.

The United States on Feb. 28 announced the expulsion of 12 staff members of the Russian Permanent Mission to the UN in New York and a Russian national working with the UN Secretariat. ■Photo : Photo taken on April 16, 2021 shows the Ministry of Foreign Affairs of Russia in Moscow. (Xinhua/Evgeny Sinitsyn)