Connect with us

Europe

ရုရှားနိုင်ငံက ပင်လယ်နက်ရှိ အမေရိကန်ရေတပ်သင်္ဘောအုပ်စုသည် “မတည်မငြိမ်ဖြစ်စေသည့် အကြောင်းရင်း”ဟု ပြောကြား

မော်စကို ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ပင်လယ်နက်ရှိ အမေရိကန်ရေတပ်သင်္ဘောများ၏ စစ်ဆင်ရေးများသည် “မတည်မငြိမ်ဖြစ်စေသည့်အကြောင်းရင်း” တစ်ခုဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ရုရှားစစ်တပ်သည် ပင်လယ်နက်ရှိ အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Porter ၊ အမေရိကန်ရေတပ် ရေနံတင်သင်္ဘော John Lenthall နှင့် အမေရိကန် ကွပ်ကဲထိန်းချုပ်မှု သင်္ဘော Mount Whitney တို့၏ လုပ်ဆောင်ချက်များအား စဉ်ဆက်မပြတ် ခြေရာခံလျက် ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အမေရိကန်လေတပ် B-1B မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းသည် နိုဝင်ဘာ ၆ ရက်တွင် ရုရှားနိုင်ငံနယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာအဝေးရှိ ပင်လယ်နက်ပေါ်တွင် ပျံသန်းခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြထားသည်။ ရုရှား ပင်လယ်နက်ရေတပ်သင်္ဘောအုပ်စုသည် အလားသဏ္ဍန်တူရန်သူ သင်္ဘောများအား ဖျက်ဆီးချေမှုန်းရန် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

——————————————-
(English Version)
Russia calls U.S. fleet in Black Sea “destabilizing factor”

MOSCOW, Nov. 9 (Xinhua) — The operations of U.S. naval ships in the Black Sea are “a destabilizing factor,” the Russian Defense Ministry said on Tuesday.
The Russian military is continuously tracking the actions of the U.S. guided-missile destroyer Porter, the U.S. naval tanker John Lenthall, and the U.S. command and control ship Mount Whitney in the Black Sea, the ministry said in a statement.

Two U.S. Air Force B-1B strategic bombers flew over the Black Sea at a distance of about 100 km from the Russian state border on Nov. 6, the ministry added.
The Russian Black Sea Fleet has held military drills to destroy ships of a simulated enemy. Enditem
Photo – Photo taken on Dec. 27, 2016 shows a navy ship and a helicopter taking part in a rescue operation on the Black Sea coast at the crash site of Russian Defense Ministry’s Tu-154 aircraft near Sochi, Russia. (Xinhua/Sputnik)