Connect with us

COVID-19 UPDATES

ရုရှားနိုင်ငံက အိုမီခရွန် ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်တိုက်ဖျက်ရေး COVID-19 ကာကွယ်ဆေးအသစ် စတင်ဖော်စပ်နေ

Sputnik V COVID-19 ကာကွယ်ဆေးများအား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၃၀ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ကူးစက်ရောဂါ နှင့် အဏုဇီဝဗေဒဆိုင်ရာ Gamaleya အမျိုးသားသုတေသနစင်တာက COVID-19 အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား တိုက်ဖျက်ရန် ရည်ရွယ်သည့်လိုက်လျောညီစွာ ပြုပြင်ထားသော Sputnik ကာကွယ်ဆေး ပုံစံအသစ်တစ်မျိုးအား စတင်ဖော်စပ်နေကြောင်း နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

စင်တာက Sputnik V နှင့် Sputnik Light ကာကွယ်ဆေးများသည် ယုံကြည်ထားသည့်အတိုင်း အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား လျော့ပါးပျက်ပြယ်နိုင်ခြင်း ရှိ ၊ မရှိကိုလေ့လာနေကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပြုပြင်မွမ်းမံမှု လိုအပ်ပါက Sputnik အိုမီခရွန် ပုံစံအသစ်အား ၄၅ ရက်အတွင်း အမြောက်အများထုတ်လုပ်ရေး အဆင်သင့် ဖြစ်နိုင်ကြောင်း စင်တာက ပြောကြားခဲ့ပြီး Sputnik အိုမီခရွန် အားဖြည့်ကာကွယ်ဆေးထိုးနှံမှု ပမာဏအများအပြားကို လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။ (Xinhua)

…………………………………………
(English Version)
Russia starts developing new COVID-19 vaccine against Omicron variant
MOSCOW, Nov. 29 (Xinhua) — Russia’s Gamaleya National Research Center of Epidemiology and Microbiology said Monday that it has begun developing a new version of Sputnik vaccine adapted to target the Omicron variant of COVID-19.
Gamaleya said in a statement that the center is studying whether its Sputnik V and Sputnik Light vaccines can neutralize the Omicron variant as it believes.
If modification is needed, the new Sputnik Omicron version can be ready for mass production in 45 days, the center said, hoping that a great amount of Sputnik Omicron booster shots can enter international markets early next year. Enditem
Photo – Photo taken on April 28, 2021 shows the COVID-19 vaccines “Sputnik V” in Moscow, Russia. (Xinhua/Evgeny Sinitsyn)