Connect with us

China

ရုရှားနိုင်ငံက အိုလံပစ်ရွှေတံဆိပ်ဆုရှင်များအား အမေရိကန်ဒေါ်လာ ၅၂,၀၀၀ ချီးမြှင့်မည်

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်၊ ကျန်းကျားခို မြို့ ၊ Chongliခရိုင်၌ ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ် အစမ်းလေ့ကျင့်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော FIS Continental ဖလား နှင်းလျှောစီးပြိုင်ပွဲ ၂၀၂၁/၂၀၂၂ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ရုရှားအမျိုးသမီး အားကစားသမား Diana Toropchenova က ဝင်ရောက်ယှဉ်ပြိုင်စဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ပေကျင်း ၂၀၂၂ အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် ဆောင်းရာသီ အားကစားပြိုင်ပွဲများတွင် ရုရှားနိုင်ငံမှ ရွှေတံဆိပ်ဆုရရှိသူတစ်ဦးချင်းစီအနေဖြင့် ရူဘယ် ၄ သန်း (အမေရိကန်ဒေါ်လာ ၅၂,၄၀၀ ခန့်) ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် Mikhail Mishustin က ဖေဖော်ဝါရီ ၃ ရက်တွင်ကြေညာခဲ့သည်။
ငွေနှင့်ကြေးတံဆိပ်ဆုရရှိခဲ့သူ တစ်ဦးချင်းစီတိုင်းအနေဖြင့်လည်း ရူဘယ် ၂.၅ သန်း (အမေရိကန်ဒေါ်လာ ၃၂,၈၀၀) နှင့် ရူဘယ် ၁.၇ သန်း (အမေရိကန်ဒေါ်လာ ၂၂,၃၀၀) အသီးသီးရရှိမည်ဖြစ်ကြောင်း Mishustin က အစိုးရအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။
ရုရှားအားကစားသမားများကို ပံ့ပိုးပေးသည့် နည်းပြများနှင့် အထူးကျွမ်းကျင်သူများသည်လည်း ဆုကြေးများ ရရှိမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။
“တစ်နိုင်ငံလုံးက ကျွန်တော်တို့ရဲ့ အားကစားသမားတွေကို အားပးနေကြပြီး သူတို့အတွက် ဂုဏ်ယူပါတယ်။ ဒီရက်တွေအတွင်းမှာ (အားကစားပြိုင်ပွဲတွေအတွင်း) ရုရှားပြည်သူတွေဟာ အောင်ပွဲကလွဲလို့ ဘာကိုမှ လိုချင်တောင့်တမှု မရှိကြပါဘူး’’ ဟု ၎င်းကဆိုသည်။ (Xinhua)
……………………………….
(English Version)
Russia to award Olympic gold medalists over 52,000 USD
MOSCOW, Feb. 3 (Xinhua) — Each gold medal winner from Russia at the Beijing 2022 Olympic and Paralympic Winter Games will receive 4 million rubles (about 52,400 U.S. dollars), Prime Minister Mikhail Mishustin announced on Thursday.
Each of the silver and bronze medalists will get 2.5 million rubles (32,800 U.S. dollars) and 1.7 million rubles (22,300 U.S. dollars) respectively, Mishustin said during a government meeting.
Coaches and specialists supporting Russian athletes will also receive bonuses, he added.
“The whole country supports our athletes and is proud of them. During these days (of the Games), the people of Russia will wish them nothing but victory,” he said. Enditem

Photo-Diana Toropchenova of Russia competes in the women’s normal hill individual during the FIS Continental Cup Ski Jumping 2021/2022, part of a 2022 Beijing Winter Olympic Games test event, in Chongli of Zhangjiakou City, north China’s Hebei Province, on Dec. 5, 2021. (Xinhua/Mu Yu)