Connect with us

COVID-19 UPDATES

ရုရှားနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းကို တားဆီးရန် လစာပြည့်ခွင့်ယူခြင်းအား ပူတင် ခွင့်ပြု

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လမ်းမတစ်နေရာတွင် နှာခေါင်းစည်းတပ်ဆင်ထားသော ဖြတ်သန်းသွားလာနေသူများအား ဇန်နဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် ဆက်စပ်သောသေဆုံးမှုများ မြင့်တက်လာခြင်းကို တားဆီးရန် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ နိုင်ငံတစ်ဝန်း အလုပ်လုပ်ရက်မဟုတ်သောနေ့များတွင် လစာပေးထားခြင်းစတင်ရန် အဆိုပြုချက်ကို ထောက်ခံကြောင်း အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ဒေသခံအာဏာပိုင်များက အဆိုပါ အားလပ်ရက်များကို စောလျင်စွာစတင်ခြင်း သို့မဟုတ် အကယ်၍လိုအပ်ပါက သက်တမ်းတိုးခြင်း ပြုလုပ်နိုင်ကြောင်း ပူတင်က အစိုးရအစည်းအဝေး၌ ပြောခဲ့သည်။

၎င်းအဆိုပြုချက်အား ဒုတိယဝန်ကြီးချုပ် Tatyana Golikova က အောက်တိုဘာ ၁၉ ရက်၌ တင်ပြခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် Mikhail Mishustin က ထိုအဆိုပြုချက်ကို “မရှိမဖြစ် ဆောင်ရွက်ချက် တစ်ခု” ဟု ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ကပ်ရောဂါချိန် စတင်ဖြစ်ပွားချိန်မှစ၍ နေ့စဉ်ရောဂါကူးစက်မှုအသစ်များနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်စပ်သောသေဆုံးမှုများမှာလည်း ထပ်ခါထပ်ခါစံချိန်တင်ခြင်းဖြင့် ရောဂါဒဏ်ကို အဆိုးဝါးဆုံးတွေ့ကြုံခံစားခဲ့ရသည်။

ရုရှာနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအတည်ပြုလူနာအသစ် ၃၄,၀၇၃ ဦးရှိခဲ့ရာ နိုင်ငံတစ်ဝန်း စုစုပေါင်း ရောဂါဖြစ်ပွားသူအရေအတွက် ၈,၀၉၄,၈၂၅ ဦးရှိခဲ့ကြောင်း၊ သေဆုံးသူအနေဖြင့် ၂၂၆,၃၅၃ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Putin approves paid leave across Russia to curb COVID-19 surge
Source: Xinhua| 2021-10-20 23:37:29|Editor: huaxia
MOSCOW, Oct. 20 (Xinhua) — Russian President Vladimir Putin said on Wednesday he supports a proposal to introduce paid non-working days across the country from Oct. 30 to Nov. 7 to contain a hike in COVID-19 infections and related deaths.
Local authorities can launch the days off earlier or extend them if necessary, Putin told a government meeting.
The proposal was made by Deputy Prime Minister Tatyana Golikova on Tuesday and Prime Minister Mikhail Mishustin called it “a necessary measure.”
Russia is experiencing its toughest period since the pandemic began, with daily new infections and coronavirus-related deaths repeatedly hitting record highs.
According to the country’s official monitoring and response center, Russia confirmed 34,073 new COVID-19 cases over the past 24 hours, taking the nationwide tally to 8,094,825, while the nationwide death toll grew to 226,353. Enditem
Photo : Pedestrians wearing face masks walk on a street in Moscow, Russia, on Jan. 15, 2021. Russia recorded 24,715 more COVID-19 cases over the past 24 hours, roughly the same as in the previous day, the country’s COVID-19 response center said Friday. The national tally has thus increased to 3,520,531 with 64,495 deaths and 2,909,680 recoveries, the center said. (Xinhua/Evgeny Sinitsyn)