Connect with us

North America

ရုရှားနိုင်ငံနှင့် ပုံမှန်ကုန်သွယ်မှုဆက်ဆံရေး ဆိုင်းငံ့ရန် အမေရိကန် အောက်လွှတ်တော် မဲခွဲဆုံးဖြတ်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် လွှတ်တော်အဆောက်အအုံအား ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ပုံမှန်ကုန်သွယ်မှုဆက်ဆံရေးအား ဆိုင်းငံ့ရေးအတွက် အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ်များက မတ် ၁၇ ရက်တွင် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ရုရှားကုန်စည်များအပေါ် စည်းကြပ်ခွန်အား ပိုမိုမြင့်မားစွာ သတ်မှတ်နိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ရီပက်ဘလစ်ကန်အမတ် အနည်းငယ်ကသာ ကန့်ကွက်ဆန္ဒမဲပေးခြင်းနှင့်အတူ အဆိုပါ ဆောင်ရွက်မှုအား ဆန္ဒမဲရလဒ် ၄၂၄-၈ ဖြင့် အောက်လွှတ်တော်က ခွင့်ပြုခဲ့ပြီး ဥပဒေပြဋ္ဌာန်းရန် ဆီးနိတ်လွှတ်တော်သို့ ပေးပို့ခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း ပဋိပက္ခဖြစ်ပွားနေသည့်ကြားမှ ရုရှားနိုင်ငံ၏ အခွင့်အရေးရရှိဆုံးကုန်သွယ်မှုအဆင့်အား ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ အောက်လွှတ်တော်၏ မဲရလဒ် ထွက်ပေါ်လာရခြင်းဖြစ်သည်။

ဘိုင်ဒန်က ရုရှားနိုင်ငံမှ ပင်လယ်စာသွင်းကုန်များအပြင် အရက်နှင့် စိန်အချို့ကို ကန့်သတ်သည့် သမ္မတအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် နောက်ဆုံးပေါ်ကားများ၊ ဇိမ်ခံနာရီများနှင့် လက်ဝတ်ရတနာစင် စသဖြင့် အမေရိကန် ဇိမ်ခံကုန်ပစ္စည်းများကိုလည်း ရုရှားအား ရောင်းချခြင်းကို တားမြစ်ထားသည်။

အမေရိကန်နိုင်ငံအနေဖြင့် လက်ရှိတွင် ရုရှားနိုင်ငံမှ ရေနံနှင့် ဓာတ်ငွေ့ တင်သွင်းမှုများကို တားမြစ်ထားကြောင်း သိရသည်။
ပျက်စီးမှုများဖြစ်နိုင်ဖွယ်ရှိသော ပိတ်ဆို့မှုများသည် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်များ အောင်မြင်မှုရှိစေရန် “တစ်ခြားစီ” ဖြစ်ကြောင်း ကိုလံဘီယာတက္ကသိုလ်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစင်တာ ညွှန်ကြားရေးမှူးနှင့် ကုလသမဂ္ဂ အဆင့်မြင့်အကြံပေး Jeffrey Sachs က ဆင်ဟွာသို့ ပြောခဲ့သည်။

“အမေရိကန်နဲ့ အီးယူ (EU) တို့က ပိတ်ဆို့မှုတွေ၊ ကုန်သွယ်မှုအတားအဆီးတွေ၊ နည်းပညာအတားအဆီးတွေနဲ့ ငွေကြေးဆိုင်ရာအတားအဆီးတွေ ရုရှားအပေါ် ပြစ်ဒဏ်သတ်မှတ်ဖို့ အင်မတန်စိတ်အားထက်သန်ပါတယ်။ ကျွန်တော်ကတော့ ဒါကို သဘောမတူပါဘူး” ဟု Sachs က ဆိုသည်။

ဆွေးနွေးညှိနှိုင်းမှုနှင့် အပေးအယူလုပ်ခြင်းက “ပို၍အမြော်အမြင်ရှိကြောင်း” ၎င်းက ပြောခဲ့သည်။ (Xinhua)

——————————
(English Version)

U.S. House votes to suspend normal trade relations with Russia

Source: Xinhua| 2022-03-18 04:46:30|Editor:
WASHINGTON, March 17 (Xinhua) — U.S. House of Representatives on Thursday voted to suspend normal trade relations with Russia, paving the way for the U.S. government to impose higher tariffs on Russian goods.

The lower chamber approved the measure by vote of 424-8, with a few Republicans voting against, sending the legislation to the Senate.

The House vote came just a few days after U.S. President Joe Biden announced that the administration would revoke Russia’s most-favored nation trade status amid the Ukraine crisis, along with Group of Seven (G7) countries and the European Union.

Biden also signed an executive order banning Russian seafood imports, as well as alcohol and certain diamonds. In addition, it bans the sale of U.S. luxury goods to Russia, including high-end vehicles, luxury watches and top-shelf jewelry.

The United States also recently banned oil and gas imports from Russia.
Jeffrey Sachs, director of the Center for Sustainable Development at Columbia University and senior United Nations advisor, recently told Xinhua that sanctions, which cause considerable damage, are “unlikely” to succeed in their political aims.

“The U.S. and EU are very energetic in the imposition of sanctions, trade barriers, technology barriers, and financial barriers towards Russia… I do not agree with this,” Sachs said.

Negotiation and compromise would be “much wiser”, he said. ■

Photo : Photo taken on Feb. 18, 2022 shows the Capitol building in Washington, D.C., the United States, Feb. 18, 2022. (Xinhua/Liu Jie)