Connect with us

International Organizations

ရုရှားနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု ယူကရိန်းသမ္မတက ပြောကြားခဲ့

ကီးယက်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ယူကရိန်းသမ္မတ Volodymyr Zelensky က Donbas ဒေသအကျပ်အတည်းနှင့် ပတ်သက်၍ ရုရှားနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။“ကျွန်တော်တို့ စကားပြောဖို့ အဆင်သင့်ဖြစ်နေပါပြီ။ တကယ်လို့ အပြင်မှာ မဆုံချင်ရင် ဖုန်းပြောကြရအောင်” ဟု Zelensky က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ယူကရိန်းသည် Donbasဒေသ၏ ပဋိပက္ခကို ဖြေရှင်းရန် နော်မန်ဒီပုံစံ (Normandy format) မူဘောင်အတွင်းသာမက အမေရိကန်နိုင်ငံ၏ ပါဝင်ပတ်သက်မှုနှင့်အတူ အခြားသော အပြိုင်ပုံစံဖြင့်လည်း ပြင်ဆင်နေကြောင်း Zelensky က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအနေဖြင့် အကျပ်အတည်းကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ဆန္ဒရှိကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင်ဖြစ်ပွားသော ပဋိပက္ခများသည် ၂၀၁၄ ခုနှစ် ဧပြီလမှ စတင်ကာ ပြင်းထန်လာခဲ့ပြီး လူပေါင်း ၁၄,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၄ခုနှစ် ဇွန်လတွင် ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်တို့ ပါဝင်သော နော်မန်ဒီဆက်သွယ်ရေးအဖွဲ့ဟု လူသိများသော နော်မန်ဒီပုံစံကို ပဋိပက္ခဖြေရှင်းရန် ထူထောင်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယူကရိန်းနှင့် ရုရှားကြား ဆက်ဆံရေးသည် Donbas နှင့် Crimea ဒေသ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ၎င်းတို့၏ မတူညီသော ရပ်တည်ချက်များကြောင့် ၂၀၁၄ခုနှစ် အစောပိုင်းကတည်းက ယိုယွင်းလာခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)
Ukrainian president says ready for dialogue with Russia

KIEV, Nov. 26 (Xinhua) — Ukrainian President Volodymyr Zelensky said on Friday that he is ready for a dialogue with Russia over the Donbas crisis, the government-run Ukrinform news agency reported.

“We are ready for a conversation. If you don’t want to meet, let’s talk on the phone,” Zelensky said during a press marathon.
Ukraine is prepared to resolve the Donbas conflict not only within the framework of the Normandy format, but also in another parallel format with the involvement of the United States, Zelensky said.

He emphasized that Kiev is willing to find a diplomatic solution to the crisis.
The conflict in eastern Ukraine has been raging since April 2014, claiming some 14,000 lives.
In June 2014, the Normandy format, also known as the Normandy contact group, consisting of Ukraine, Russia, Germany and France, was set up to resolve the conflict.
Relations between Kiev and Moscow have been deteriorating since early 2014 over their different stances on the developments in Donbas and Crimea. Enditem