Connect with us

Europe

ရုရှားသမ္မတပူတင်က အနောက်နိုင်ငံများ၏ “ရန်လိုသော” မူဝါဒအား တုံ့ပြန်သွားရန် ကတိပြု

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်အား ကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့်အတူ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အစည်းအဝေးအပြီး ဒီဇင်ဘာ ၂၁ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ-Kremlin)

မော်စကို ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗီလာဒီမာပူတင်က အနောက်နိုင်ငံများက “ရန်လိုသော” မူဝါဒအား ဆက်လက်လုပ်ဆောင်ပါက ရုရှားနိုင်ငံအနေဖြင့် တန်ပြန်တုံ့ပြန်ရေးအစီအမံများအား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ သို့သော်လည်း ညှိနှိုင်းမှုများအတွက် အဆင်သင့်ရှိနေဆဲဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

“တကယ်လို့ ကျွန်တော်တို့ရဲ့ အနောက်နိုင်ငံလုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့ရဲ့ သိသာထင်ရှားတဲ့ရန်လိုတဲ့လမ်းကို ဆက်သွားမည်ဆိုရင် အဲဒီရန်လိုတဲ့လုပ်ဆောင်ချက်တွေကို ပြတ်ပြတ်သားသားတုံ့ပြန်ဖို့ ပြည့်စုံလုံလောက်တဲ့ လက်တုံ့ပြန်ရေး စစ်ဘက်ဆိုင်ရာ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမှာပါ။”ဟု ပူတင်က ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ရုရှားနိုင်ငံရဲ့ လုံခြုံရေး နဲ့ အချုပ်အခြာအာဏာကို သေချာစေဖို့ ရည်ရွယ်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိပါတယ်။”ဟု ပူတင်က ပြောကြားခဲ့ပြီး ရိုမေးနီးယား နှင့် ပိုလန်နိုင်ငံတို့၌ အပါအဝင် ရုရှားနိုင်ငံနယ်စပ်များအနီး အမေရိကန်နိုင်ငံ၏ ဒုံးကျည်ကာကွယ်ရေးစနစ်များ တပ်ဖြန့်ချထားမှုအပေါ် စိုးရိမ်မှုများအား ဖော်ပြခဲ့ကြောင်း သိရသည်။

အကယ်၍ ယူကရိန်းနိုင်ငံ၌ အမေရိကန်နိုင်ငံ နှင့် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်(NATO) အဖွဲ့က ဒုံးကျည်များအား တပ်ဖြန့်ထားပါက ရုရှားနိုင်ငံသို့ ၇ မိနစ်မှ ၁၀ မိနစ်အတွင်း ရောက်ရှိနိုင်ကြောင်း နှင့် အသံထက်မြန်သည့် လက်နက်များ ဖြစ်ပါက ၅ မိနစ်အတွင်းရောက်နိုင်ကြောင်း ပူတင်က သတိပေးခဲ့သည်။

“ကျွန်တော်တို့ ဆုတ်ခွာဖို့ ဘယ်နေရာမှာမှ မရှိဘူးဆိုတာ သူတို့ နားလည်ရမယ်။”ဟု ပူတင်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဥရောပရှိ လုံခြုံရေးအာမခံချက်များအပေါ် အနောက်နိုင်ငံများ ထည့်သွင်းစဉ်းစားနိုင်ရန် မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်(NATO) အဖွဲ့သို့ သဘောတူညီချက်မူကြမ်းတစ်ခု နှင့် အမေရိကန်နိုင်ငံသို့ သဘောတူစာချုပ်မူကြမ်းတစ်ခုအား မကြာသေးမီက ပေးပို့ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခ နှင့် သွေးထွက်သံယိုမှုတို့ကို ဆန့်ကျင်ကြောင်း နှင့် သံခင်းတမန်ခင်းမှတစ်ဆင့် အကြောင်းကိစ္စများအား ဖြေရှင်းလိုကြောင်း ၊ သို့သော် ယင်းတို့သည် ဥပဒေနှင့်ညီညွတ်သော အာမခံချက်များ ရှင်းရှင်းလင်းလင်း ဖြစ်ရမည်ဟု ပူတင်က ထပ်လောင်းပြောဆိုခဲ့သည်။ (Xinhua)

——————————-
(English Version)
Putin vows response to Western “aggressive” policy
MOSCOW, Dec. 21 (Xinhua) — Russian President Vladimir Putin said Tuesday that his country will take countermeasures if the West continues its “aggressive” policy, but remains ready for negotiations.
“If our Western colleagues continue their clearly aggressive line, we will take adequate retaliatory military-technical measures to respond firmly to hostile actions,” Putin said at an expanded meeting of the Russian Defense Ministry Board.
“We have every right to do so, to take actions aimed at ensuring the security and sovereignty of Russia,” he said, expressing concerns over the deployment of U.S. missile defense systems near Russian borders, including in Romania and Poland.
He warned if the United States and the North Atlantic Treaty Organization (NATO) deploy missiles in Ukraine, they would reach Moscow in only seven to 10 minutes, and in just five minutes if they are hypersonic weapons.
“They must understand that we simply have nowhere to retreat,” Putin said.
Russia has recently sent a draft agreement to NATO and a draft treaty to the United States both on security guarantees in Europe for the Western countries to consider.
Putin reiterated that Russia stands against armed conflict and bloodshed and wishes to resolve issues through diplomacy, but there must be clear legal guarantees. ■
Photo – Russian President Vladimir Putin is seen with Defense Minister Sergei Shoigu after an expanded meeting of the Defense Ministry Board in Moscow on Dec. 21, 2021. (Kremlin)